နှစ်သက်မှုအသစ်များထပ်မံဖြည့်တင်းခြင်း

သတင်းများ

2018

ခေတ်မှီဆန်းသစ်သော စီးပွားရေးအဆာက်အအုံအသစ်ဖြင့် မြန်မာနိုင်ငံအတွင်း၌ CASE ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးပစ္စည်းကိရိယာများကုမ္ပဏီ၏ အခန်းကဏ္ဍကို မြင့်တင်။

ခေတ်မှီဆန်းသစ်သော စီးပွားရေးအဆာက်အအုံအသစ်ဖြင့် မြန်မာနိုင်ငံအတွင်း၌ CASE ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးပစ္စည်းကိရိယာများကုမ္ပဏီ၏ အခန်းကဏ္ဍကို မြင့်တင်။

  • ဖြန့်ဝေသည့် Fri Jun 1, 2018

ရန်ကုန်မြို့ရှိ Myanmar Synergy ကုမ္ပဏီ၏ စီးပွားရေးအဆာက်အအုံအသစ်အား တရားဝင်မိတ်ဆက် ဖွင့်လှစ်ခြင်း နှင့်အတူ ဖြစ်ပေါ်လာမည့် တိုးတက်ပြောင်းလဲမှုများအတွက် ကမ္ဘာထိပ်တန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်း ကိရိယာများ ထုတ်လုပ်ရောင်းချသူမှ ပြင်ဆင်မှုများပြုလုပ်။

CNH စက်မှုလုပ်ငန်းစုကြီး၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော CASE ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ လုပ်ငန်းမှ မိတ်ဖက်ကိုယ်စားလှယ်ဖြန့်ဖြူးသူ Myanmar Synergy Co.,Ltd (Synergy)၏ ရန်ကုန်မြို့တွင် စီးပွားရေး အဆာက်အအုံအသစ်ကို တရားဝင်ဖွင့်လှစ်မိတ်ဆက်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းတည်ရှိမှုတိုးတက်စေရေး ၏ ဒုတိယအဓိကခြေလှမ်းတစ်ရပ်ကို ယနေ့အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။

CASE ၏ ပထမဦးဆုံးခြေလှမ်းမှာ Synergy ကုမ္ပဏီအား နိုင်ငံအတွင်းတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်တွင် အသိအမှတ်ပြုဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

ယနေ့ ဖဲကြိုးဖြတ်ဖွင့်ပွဲအခမ်းအနားအား ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်စသဖြင့် customers နှစ်ရာကျော်နှင့် သတင်းနှင့်စာနယ်ဇင်းနယ်ပယ်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ Synergy မှ CEO ဖြစ်သူ ဦးသန်းထွန်းဝင်း၊ CNH စက်မှုလုပ်ငန်းစုမှ အရှေ့တောင်အာရှ၊ ပါကစ္စတန်နှင့် ဂျပန်နိုင်ငံဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mark Brinn၊ CASE လုပ်ငန်းမှ အရှေ့တောင်အာရှ၊ ပါကစ္စတန်နှင့် ဂျပန်နိုင်ငံဆိုင်ရာ စီးပွားရေးဒါရိုက်တာဖြစ်သူ Alvin Lim တို့အပြင် နှစ်ဖက်သောလုပ်ငန်းစုများမှ အခြားသော အကြီးတန်းအရာအရှိများ တက်ရောက်ခဲ့ကြပါသည်။ အထူးဧည့်သည်တော်များအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Pier Giorgio Aliberti နှင့် မြန်မာနိုင်ငံ ဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Robert Chua တို့မှလည်းတက်ရောက်ခဲ့ကြသည်။

ဤစီးပွားရေးအဆာက်အအုံအသစ်ကို ရန်ကုန်မြို့အနောက်ဘက်ပိုင်း၊ လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အတွင်းမှ ၅.၄ ဧကအကျယ်အဝန်းရှိမြေနေရာ၌တည်ရှိသော နှစ်ထပ်အဆင့်မြင့် အဆောက်အအုံကြီးအဖြစ် အခြေပြု လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။ ကြမ်းပြင်ဧရိယာ ၄၃.၂၀၀ ပေရှိသော အဆိုပါအဆောက် အအုံကြီးအတွင်း အဆင့်မြင့်ရုံးခန်းနေရာများ၊ ဝန်ဆောင်မှုနှင့် သင်တန်းပို့ချမှုဆိုင်ရာအတွက်ပြင်ဆင်ထားသော အလုပ်ရုံ၊ ကုန်ပစ္စည်း သိုလှောင်ရုံနှင့် ပြခန်းစသည်တို့ကို ထည့်သွင်းတည်ဆောက်ထားပါသည်။ ပင်မအဆောက်အအုံ၏ဘေးတွင် ဧရိယာ အနေဖြင့် ၃,၃၂၅ ပေ အကျယ်အဝန်းရှိ ကားပါကင်နှင့်အတူ ကုန်ပစ္စည်းအတင်အချဆောက်ရွက်ရန်အတွက်ကို ထည့်သွင်းတည်ဆောက်ထားသည်။

ဤစီပွားရေးလုပ်ငန်းရုံးခွဲအသစ်တွင် မြန်မာနိုင်ငံမှ ဝယ်ယူအသုံးပြုများအား သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ် ရေးလုပ်ငန်းများအတွက် အကောင်းဆုံးသော ရွေးချယ်မှုများအား တင်ပြပေးရန်အတွက် ဝန်ထမ်းပေါင်းတစ်ရာကျော် ကို ခန့်ထားမည်ဖြစ်သည်။ ယနေ့ဖွင့်ပွဲအခမ်းအနားတွင် CASE ထုတ်ကုန်ပစ္စည်းများမှ မော်ဒယ်ငါးမျိုးကို ပြခန်းတွင် ပြသခဲ့သည်။

ပိုမိုကောင်းမွန်သော ထုတ်လုပ်နိုင်စွမ်းနှင့်စွမ်းဆောင်ရည်တို့အတွက် ကြံ့ခိုင်လျင်မြန်သော ဟိုက်ဒရောလစ်စနစ် များတပ်ဆင်ထားသည့် CX210B Crawler Excavator အနေဖြင့် အလွန်မြင့်မားသောမြင်းကောင်ရေနှင့် လည်အား ကို အလုပ်လည်ပတ်ချိန်တိုင်းအတွက် ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်နှင့် အကြမ်းခံနိုင်ရည် အတွက် ဒီဇိုင်းဆွဲတည်ဆောက်ထားပြီး လုပ်ငန်းအများစုကို ထမ်းဆောင်ရန်သင့်တော်သော ၈ တန် မှ ၈၀ တန် အတွင်း B စီးရီးစဉ်အတွင်းပါဝင်သည်။ CX75SR Midi မြေတူးစက်မှာ ကျဉ်းမြောင်းသောလုပ်ငန်းနေရာများတွင် လွယ်ကူစွာလုပ်ကိုင်နိုင်သလို စက်သံမှာလည်း ထူးခြားစွာပင် ဆူညံမှု အနိမ့်ဆုံးဖြစ်သည်။ ဝန်ဖြင့်အသုံးပြုရသော အခြေအနေများ၊ လည်အားအပြည့်သုံးရသည့်အခါများ၊ ပါဝါအဓိကသုံးရသည့် အနေအထားများနှင့် ဆီစားသက်သာ စေလိုသည့်အချိန်တစ်ခုခြင်းစီအတွက် အထူးသင့်တော်သော ဒုတိယမျိုးဆက် common rail အင်ဂျင်အမျိုးအစား ဖြစ်သည့် Cursor 9 အင်ဂျင်ကို 1121F Wheel Loader မော်ဒယ်တွင်တပ်ဆင်ထားရှိသည်။ အဆိုပါ မောင်းနှင်နိုင်မှု အနေအထားလေးမျိုး (အားအပြည့်၊ တွက်ချေကိုက်၊ သာမန်နှင့် အော်တို) တို့မှာ အသုံးပြုသူတို့စိတ်တိုင်းကျ၊ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

507T Backhoe Loader မှာ ထူးခြားသာလွန်သော ဝန်ချီမနိုင်မှုပမာဏနှင့် ရောက်ရှိနိုင်မှုတို့ဖြင့် ဈေးကွက်အတွင်း ထိပ်တန်းဖြစ်သော Backhoe Breakout အားကို ပေးစွမ်းနိုင်သည်။ 1107EX Compactor မော်ဒယ်ကို မည့်သည် မျက်နှာပြင် compaction ကိုမဆို ဆောင်ရွက်နိုင်ရန်အတွက် အပြင်အဆင်ချိန်ညှိမှု သုံးမျိုးဖြင့် ရရှိနိုင်သည်။

ကမ္ဘာ့အဆင့်မှီ ထုတ်ကုန်များကို ပံ့ပိုးပေးရုံသာမက၊ အလုပ် လုပ်ဆောင်ထားချိန်ကန့်သတ်ချက်မရှိသော ၁၂လကြာ အာမခံစနစ်မျိုးကိုပေးခြင်းကဲ့သို့သော ကမ္ဘာအဆင့်မှီ ဝယ်ယူသူတို့အတွက်ဝန်ဆောင်မှုကိုလည်း CASE မှ ဂုဏ်ယူ ဝံ့ကြွားစွာ ပေးဆောင်လျက်ရှိပါတယ်။ အထက်ပါ ပြီးပြည့်စုံသော ထုတ်ကုန်၊ ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းများတွင် ပိုမိုပါဝင်ပက်သက်ရန်အတွက် CASE အနေဖြင့် အသင့်ပြင်ဆင် ပြီးဖြစ်သည်။

စီးပွားရေးလုပ်ငန်းအဆာက်အအုံအသစ်အပြင် မန္တလေး၊ ဖားကန့်နှင့် ကျောက်ပုထိုးတို့တွင်လည်း Synergy မှ လက်ခွဲများအောင်မြင်စွာဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းခွဲများမှ ရန်ကုန်မြို့တွင်းရှိ ဝယ်ယူအားပေးသူများ အတွက် ကျွမ်းကျင်ပြီးအတွေ့အကြုံပြည့်ဝသောဝန်ထမ်းများမှ အကျိုးကျေးဇူးများ ပေးဆောင်နိုင်မည်ဖြစ်သည်။ Timetric ဆောက်လုပ်ရေးဆိုင်ရာ သတင်းအချက်အလက်စင်တာ (CIC) ၏ တင်ပြမှုအရ နိုင်ငံ၏ဆောက်လုပ်ရေး

လုပ်ငန်းများမှာ ၂၀၁၅ ခုနှစ်တွင် US $ ၈.၂ ဘီလီယျံတန်ဖိုးရှိရာ နောင်ငါးနှစ်အတွင်းဖြစ်သော ၂၀၂၀ တွင် US $ ၁၃.၅ ဘီလီယျံတန်ဖိုးရှိလာသည် အထိ ၁၀ %ခန့် တိုးတက်လာနိုင်ချေရှိပြီး အဆိုပါအချိန်တွင် ယခုကဲ့သို့ နိုင်ငံ အနှံ့တွင် အရောင်းကွန်ယက်ဖြန့်ကျက်နိုင်မှုသည် CASE ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူသူများမှ လွယ်ကူစွာ လက်လှမ်းမှီလာနိုင်စေမည်ဖြစ်သည်။

မိတ်ဆက်ဖွင့်ပွဲအခမ်းအနားတွင် CASE လုပ်ငန်း၏ အရှေ့တောင်အာရှ၊ ပါကစ္စတန်နှင့် ဂျပန်နိုင်ငံဆိုင်ရာ စီးပွား ရေးဒါရိုက်တာဖြစ်သူ Alvin Lim မှ “ယခုလက်ရှိအချိန်နဲ့ ၂၀၃၀ ခုနှစ်ကြားထဲမှာ အခြေခံလူနေမှု အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းတွေထဲ ရင်းနှီးမြှုပ်နှံမှုတွေ အတော်အတန်တိုးတက်လာမှာဖြစ်ပြီး အဲ့ဒါဟာ မြန်မာနိုင်ငံ အတွက် အလွန်ပဲစိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ ဒီမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ချက် တွေနဲ့ deadling တွေကို သက်ရောက်မှုအပြည့်နဲ့ ကုန်ကျစရိတ်စရိတ်သက်သာစွာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကို CASE လုပ်ငန်းစုအနေနဲ့ ကျွန်တော်တို့ရဲ့ အားကောင်းတဲ့စီးပွားဖက်ဖြစ်သူ Synergy မှတစ်ဆင့် နိုင်ငံတွင်းတည်ရှိမှုနဲ့ ကွန်ယက်ဖြန့်ကျက်နိုင်မှုကိုမြှင့်တင်ဖို့အတွက် အကောင်းဆုံးစွမ်းဆောင်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

Synergy ၏ CEO ဖြစ်သူ ဦးသန်းထွန်းဝင်းမှလည်း “CASE ဆောက်လုပ်ရေးလုပ်ငန်သုံးပစ္စည်းလုပ်ငန်းစုနဲ့ ကျွန် တော်တို့ဟာ ၂၀၁၅ ခုနှစ်ကတည်းက တွဲဖက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းကစပြီး ဈေးကွက် အတွင်းမှာ CASE ထုတ်ကုန်တွေနဲ့ပက်သက်ပြီး ကောင်းမွန်တဲ့ပြန်ကြားမှုအများအပြားကိုလက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ခရီးကို လူဆယ်ဦးနဲ့စတင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော် ဝန်ထမ်းပေါင်းတစ်ရာကျော်နဲ့ လည်ပတ် လျက်ရှိပြီး ရင်းနှီးမြှပ်နှံမှုတွေကိုလည်း အနာဂတ်မှာမြှင့်တင်ဖို့ အစီအစဉ်တွေရှိပါတယ်။ လုပ်ငန်းနေရာအသစ်တွေကို ဖွင့်လှစ်ခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကိုမှရွေးချယ်တဲ့ ဝယ်ယူအားပေးသူတွေအတွက် အဆင့်မြင့် ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်လာမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်ငန်းစုအတွင်းမှာ အဓိက ပါဝင်ဖက် တစ်ခုအဖြစ် ရပ်တည်သွားနိုင်ဖို့အထိ ကျွန်တော်တို့အနေနဲ့ မျှော်မှန်းထားပါတယ်” ဟုပြောကြားခဲ့သည်။

ကမ္ဘာထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းများထုတ်လုပ်သူတစ်ယောက်အဖြစ်၊ CASE လုပ်ငန်းစုအနေ ဖြင့် ၎င်း၏ ၁၇၅နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကိုလည်း ယခုနှစ်တွင်ကျင်းပခဲ့သည်။ တီထွင်ဖန်တီးသူ တစ်ယောက်ဖြစ်သော Jerome မှ ၁၈၄၂ ခုနှစ်တွင် USA, Wisconsin ၌ Racine Threshing စက်မှုလုပ်ငန်းကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မကြာမီအချိန်အတွင်း ကမ္ဘာအနှံ့သို့ရောက်ရှိလာမည်ဖြစ်သော စွန့်ဦးတီထွင်လုပ်ငန်းစု တစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယနေ့အခါတွင် CASE လုပ်ငန်းစုမှာ Capital အဆင့်ထုတ်ကုန် လုပ်ငန်းများအပိုင်း တွင် ကမ္ဘာ့အဆင့် ဦးဆောင်သူတစ်ဦးဖြစ်သော CNH စက်မှုလုပ်ငန်စုကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရပ်တည် လျက်ရှိပြီး CNH လုပ်ငန်းစုကြီး၏ ကမ္ဘာအနှံ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်းဆိုင်ရာများအတွက် အဓိကပင်မကျောရိုး လည်းဖြစ်သည်။ ရေနွေးငွေ့သုံးစက်ပစ္စည်းများကို အသုံးပြုစဉ်အချိန်ကတည်းကစတင်ပြီး CASEမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွင်း နေ့စဉ်ကြုံတွေရသော စိန်ခေါ်မှုအခက်အခဲများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရန်အတွက် နည်းပညာနှင့် အဆင့်မြင့်ပစ္စည်းကိရိယာများကို ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အကျိုး အမြတ်များစွာရရှိစေခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် လမ်းများတည်ဆောက်ခြင်းကို အမှန်တကယ် ဖြစ်ပေါ်လာစေမည့် ပထမဦးဆုံးသော သယ်ဆောင်ရလွယ်ကူသည့် ရေနွေးငွေ့သုံးအင်ဂျင်ကို မိတ်ဆက်ပေးခြင်းနှင့် ၁၉၅၇ ခုနှစ်တွင် လုပ်ငန်းစု၏ပထမဦးဆုံးသော စက်ရုံတွင်း တပ်ဆင်ထုတ်လုပ်သည့် tractor ဖြင့် တစ်ဆင့်သယ်ဆောင်ရသော backhoe ကို မိတ်ဆက်ခဲ့ခြင်းတို့မှာ ဆောက်လုပ်ရေးလုပ်ငန်းကမ္ဘာကို လုံးဝတိုးတက်ပြောင်းလဲစေခဲ့သည့် CASE ၏ စွန့်ဦးတီထွင်ဖန်တီးမှုများစွာထဲမှ နှစ်ခုဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် လုပ်ငန်းစု၏ ၅၀၀,၀၀၀ မြောက်သော backhoe loader ကို ထုတ်လုပ်နိုင်ခဲ့ခြင်း၊ wheel loader များနှင့် ပက်သက်၍ နှစ်ပေါင်းခြောက်ဆယ်သော အတွေ့အကြုံ၊ နှစ်ပေါင်းငါးဆယ်နီးပါးသော skid steer loader များ တီထွင်ဖန်တီးမှုအတွေအကြုံစသော မှတ်တိုင်ပေါင်းများစွာတို့ဖြင့် CASE လုပ်ငန်းစု၏သမိုင်းကြောင်းမှာ ပြည့်စုံ လျက်ရှိသည်။ အဆိုပါဖော်ဆောင်နိုင်မှုများက CASE အနေဖြင့် ယနေ့ခေတ် ကမ္ဘာအနှံ့မှ ဆောက်လုပ်ရေးလုပ်ငန်း များကို အကောင်းဆုံးပေးစွမ်းနိုင်မှုများအတွက် သက်သေပင်ဖြစ်သည်။

CASE ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်းကိရိယာများ
CASE ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်းကိရိယာများမှ နံပါတ်(၁) loader/backhoes, excavators, motor graders, whell loaders, vibratory compaction rollers, crawler dozers, skid steers, compact track loaders နှင့် rough-terrain forklifts များအပါအဝင် အမျိုးမျိုးသောတန်းမြင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ယန္တရားပစ္စည်းများကို ကမ္ဘာအနှံ့ရောင်းချဖြန့်ဖြူးလျက်ရှိသည်။ CASE တစ်ဆင့်ရောင်းချသူများထံမှ တစ်ဆင့် ဝယ်ယူအသုံးပြုသူများသည် ကမ္ဘာအဆင့်မှီပစ္စည်းယန္တရားနှင့် အရောင်းနောက်ပိုင်းဝန်ဆောင်မှု၊ လုပ်ငန်းပိုင်းအတွင်း အဆင့်မြင့်အာမခံများနှင့် ပြုပြင်ပြောင်းလဲလွယ်သော ငွေပေးချေမှုစသည်တို့ကို စစ်မှန်သော ပရော်ဖက်ရှင်နယ် အဆင့် လက်တွဲများထံမှရရှိနိုင်မည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို www.CASEce.com တွင်လေ့လာ ဖတ်ရှုနိုင်ပါသည်။

CASE ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်းလုပ်ငန်းမှာ New York Stock Exchange နှင့် Mercato Telematico Azionario of the Borsa Italiana တို့တွင်မှတ်တမ်းဝင်သော ကမ္ဘာအဆင့်မှီ Capital ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ် သော CNH စက်မှုလုပ်ငန်းစု၏ လက်ခွဲလုပ်ငန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည်။

ကိုယ်စားလှယ်ရုံးကို ရှာဖွေပါ။

CASE ကိုယ်စားလှယ်များသည် CASE ထုတ်ကုန်များအကြောင်းအားလုံး သိရှိနားလည်ကြသည်။

ရှာဖွေမှုစတင်ရန် အောက်ပါအချက်အလက်များဖြည့်သွင်းပါ။

ယခုပဲရှာဖွေလိုက်ပါ။

သင်ရှာဖွေနေသာ အရာကို ရိုက်နှိပ်ရှာဖွေပါ။

ရလဒ်များ တွေ့ရှိပါသည်။
အမျိုးအစား
ကဏ္ဍအလိုက်ခွဲထုတ်ခြင်းအားဖြင့်

ရလဒ်များ မတွေ့ရှိပါ။

သင်နှစ်သက်သော စာမျက်နှာများဖြည့်ရန် ဆိုဒ်တစ်လျောက်တွင် ဤအမှတ်အသားပေါ်တွင် ကလစ်နှိပ်ပါ။

ကျွန်ုပ်၏အနှစ်သက်ဆုံးသော CASE ယန္တရားများ

တွေ့ရှိသောရလဒ်