နှစ်သက်မှုအသစ်များထပ်မံဖြည့်တင်းခြင်း

CASE ၏ အတွင်း သဏ္ဍာန်

သမိုင်းကြောင်း

သမိုင်းကြောင်း

CASE ဆောက်လုပ်ရေး စက်ယန္တယားထုတ်လုပ်ရေးလုပ်ငန်းသည် ကြီးစွာဂုဏ်ယူဖွယ် ယုံကြည်ကိုးစားဖွယ် နှစ် ၁၈၀ သမိုင်းရှိသည့် ကုမ္ပဏီဖြစ်ပါသည်။ ကုမ္ပဏီ ထူထောင်သူ J.I CASE ၏ လက်တွေ့ကျသည့် တီထွင်ဉာဏ်ကို အားပြု၍ ၁၉ရာစုနှောင်းပိုင်းတွင် ရေနွေးငွေ့ အင်ဂျင်နယ်ပယ်၌ လုပ်ငန်းစတင်ခဲ့ပြီး၊ နောက်ပိုင်း ဆယ်စုနှစ်များအတွင်းတွင် ကုမ္ပဏီသည် လမ်းဖောက်ရေးစက်ယန္တယားများကို ဦးဆောင်တီထွင်ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာကြီးကို ကူညီလမ်းခင်း အလှဆင်ပေးခဲ့ပါသည်။ နှစ်ဆယ်ရာစုအစောပိုင်းတွင် CASE သည် ကမ္ဘာ့ထိပ်တန်းဆောက်လုပ်ရေးယန္တယား ထုတ်လုပ်ရေးလုပ်ငန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ CASE သည် ယနေ့တိုင် ကျွန်ုပ်တို့၏လုပ်ငန်းကို အဆင်ပြေစွာ ဆက်လက်တိုးချဲ့လျက် ကုမ္ပဏီဂုဏ်သတင်းနှင့် ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးကို တည်ဆောက်လျက်ရှိပါသည်။


သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို အောက်တွင်ဆက်လက်လေ့လာနိုင်သည်။

လက်တွေ့ကမ္ဘာကြီးအတွက် အထူးကျွမ်းကျင်မှုတို့ဖြင့် တည်ဆောက်မည်။

သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို အောက်တွင်ဆက်လက်လေ့လာနိုင်သည်။
CASE အားစတင်တည်ထောင်ခဲ့သည်။
1842

CASE အားစတင်တည်ထောင်ခဲ့သည်။

Jerome သည် အမေရိကန်နိုင်ငံ ၊ Wisconsin ပြည်နယ်၊ Racine မြို့တွင် ခြွေလှေ့စက်ကို စတင်ထုတ်လုပ်ခဲ့သည်။ ၎င်းစက်သည် လက်လုပ်နည်းလမ်းများထက် လုပ်ငန်းခွင်ကို ၁၀ ဆ ပို၍ လုပ်နိုင်စွမ်းပြသခဲ့သည်။

အမေရိကန် လင်းယုန်ငှက်သည် ကုမ္ပဏီ၏ လာဘ်ကောင်ဖြစ်လာခဲ့သည်။
1865

အမေရိကန် လင်းယုန်ငှက်သည် ကုမ္ပဏီ၏ လာဘ်ကောင်ဖြစ်လာခဲ့သည်။

1865 - အမေရိကန် လင်းယုန်ငှက်သည် တည်ဆောက်ရေးနှင့် စိုက်ပျိုးရေးသုံးစက်များသမိုင်းတွင် နာမည်အကျော် ကြားဆုံး J.I.CASE ကုမ္ပဏီ၏ အမှတ်တံဆိပ် တစ်ခုအဖြစ်တည်ရှိလာခဲ့သည်။

ပထမဆုံးသော ရွေ့လျားသယ်ယူနိုင်သည့် ရေနွေးငွေ့အင်ဂျင်ကို ပြုလုပ်ခဲ့သည်။
1869

ပထမဆုံးသော ရွေ့လျားသယ်ယူနိုင်သည့် ရေနွေးငွေ့အင်ဂျင်ကို ပြုလုပ်ခဲ့သည်။

ပထမဆုံး ရွေ့လျားနိုင်သည့် ရေနွေးငွေ့အင်ဂျင်ကို တည်ဆောက်ခဲ့ပြီး၊ လမ်းပိုင်းဆောက်လုပ်ရေးများတွင် ဦးဆောင်နိုင်ခဲ့သည်။ မူလပထမစက်အား ၀ါရှင်တန်ဒီစီရှိ ကမ္ဘာ့အကြီးဆုံး ပြတိုက် Smithsonian တွင် ပြသထားရှိသည်။

CASE မှထုတ်သည့် လမ်းတည်ဆောက်ရေး ယန္တရားများ
1912

CASE မှထုတ်သည့် လမ်းတည်ဆောက်ရေး ယန္တရားများ

CASE မှ လမ်းပိုင်းတည်ဆောက်ရေးစက်များအဖြစ် motor graders နှင့် steam roller (ရေနွေးငွေ့သုံးလမ်းကြိတ် စက်)တို့ကိုပါ ထပ်တိုးထုတ်လုပ်ခဲ့သည်။

CASE သည် ပထမဦးစွာ Tractor loader backhoe ထုတ်လုပ်သည့်အလုပ်ရုံကိုပေါင်းစပ်ထုတ်လုပ်ခဲ့သည်။
1957

CASE သည် ပထမဦးစွာ Tractor loader backhoe ထုတ်လုပ်သည့်အလုပ်ရုံကိုပေါင်းစပ်ထုတ်လုပ်ခဲ့သည်။

အလုပ်ရုံမှထုတ်လုပ်ထားသော CASE 320 Model : Tractor backhoe loader ကို ပထမဆုံး စတင်မိတ်ဆက်ပြီး မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။

Skid Steer Loader စက်များကို စတင်ထုတ်လုပ်ခဲ့သည်။
1969

Skid Steer Loader စက်များကို စတင်ထုတ်လုပ်ခဲ့သည်။

ဘက်စုံသုံး skid steer loader များ ထုတ်လုပ်ရန် မူပိုင်ခွင့်များဝယ်ယူခဲ့ပြီး Burlington မြို့တွင် စတင်ထုတ်လုပ်ခဲ့ သည်။ နောက်ပိုင်းတွင်Kansas ပြည်နယ်၊ Wichita မြို့သို့ရွေ့ပြီး ယနေ့တိုင် ဆက်လက်ထုတ်လုပ်လျက်ရှိသည်။

CASE loader/backhoe  ၏ ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။
1982

CASE loader/backhoe ၏ ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။

580D model စက်အမျိုးအစားအား မိတ်ဆက်ပြီး ၂၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့သည်။

Fortune မဂ္ဂဇင်းမှ အသိအမှတ်ပြုခဲ့သည်။
1988

Fortune မဂ္ဂဇင်းမှ အသိအမှတ်ပြုခဲ့သည်။

Fortune မဂ္ဂဇင်းမှ အမေရိကန်၏ အကောင်းဆုံးထုတ်ကုန် ၁၀၀ စာရင်းတွင် CASE Loader/backhoe များအား ဖော်ပြခဲ့သည်။

နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။
1992

နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။

နှစ် (၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ကုမ္ပဏီရုံးချုပ် Wisconsin ပြည်နယ်၊ Racine မြို့ရှိ လုပ်ငန်းသစ်များ တည်ထောင်ရေးတွင် ရင်းနှီးမြှပ်နှံခဲ့သည်။

စက်နှင့် ဆက်စပ်လုပ်ငန်းများတွင် ချဲ့ထွင်လုပ်ကိုင်လာခဲ့သည်။
1995

စက်နှင့် ဆက်စပ်လုပ်ငန်းများတွင် ချဲ့ထွင်လုပ်ကိုင်လာခဲ့သည်။

Quick coupler (ဖြုတ်တပ်ရလွယ်ကူသော)ကဲ့သို့သော ဆက်စပ်ပစ္စည်းများ၊ စွမ်းအင်အတွက် အဓိကပစ္စည်းထုတ်လုပ်သူများနှင့်ပါ တွဲဖက်လုပ်ကိုင်ခြင်း၊ သဘောတူညီချက်ထားခြင်းတို့ကို စတင်လုပ်ဆောင်လာခဲ့သည်။

loader/backhoe အစီးရေ ၅သိန်းထိ ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။
2005

loader/backhoe အစီးရေ ၅သိန်းထိ ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။

၎င်းအချက်သည် စက်မှုနယ်ပယ်တွင် ပြိုင်ဘက်ကင်းသော ရပ်တည်မှုတစ်ခုဖြစ်ခဲ့သည်။

JI CASE သည် အသိအမှတ်ပြုခံရသည့် အဖွဲ့ဝင်တစ်ခုဖြစ်လာခဲ့သည်။
2008

JI CASE သည် အသိအမှတ်ပြုခံရသည့် အဖွဲ့ဝင်တစ်ခုဖြစ်လာခဲ့သည်။

ဲJerome Increase CASE သည် အသိအမှတ်ပြုခံခဲ့ရပြီး တည်ဆောက်ရေးလောကတွင် သိသာထင်ရှားသော ရောင်းအားတို့ကြောင့် ယန္တရား ထုတ်လုပ်သူများ အဖွဲ့အစည်းတွင် အဖွဲ့ဝင်တစ်ခုဖြစ်လာခဲ့သည်။

Tier 4 level engine အမျိုးအစားကို ဦးဆောင်ထုတ်လုပ်ခဲ့သည်။
2011

Tier 4 level engine အမျိုးအစားကို ဦးဆောင်ထုတ်လုပ်ခဲ့သည်။

CASE သည် မီးခိုးထွက်နှုန်းလျော့ချရေးအတွက် တိကျသော စံသတ်မှတ်ချက်များပါရှိသည့် SCR (Selective Catalylic Reduction) နှင့် EGR (Exhaust gas recirculation - Exhaust gas) ကို အအေးခံပြန်သုံးခြင်းတို့သည် ပထမဆုံးတီထွင်ထုတ်လုပ်မှုများ ဖြစ်လာကြသည်။

Long သည်လည်း အသိအမှတ်ပြုခံ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
2011

Long သည်လည်း အသိအမှတ်ပြုခံ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။

ယန္တရားထုတ်လုပ်သူများ အဖွဲ့အစည်းတွင် backhoe loader ၏ ဖခင်တစ်ဦးဖြစ်သည်။ CASE Engine Long (ELTON) သည်လည်း ၎င်း၏ တီထွင်ဖန်တီးနိုင်မှုတို့ကြောင့် ဂုဏ်ပြုခံ လူပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

Tier 4 အဆင့် အင်ဂျင်ကို နောက်ဆုံးဆောင်ရွက်နိုင်ခဲ့သည်။
2013

Tier 4 အဆင့် အင်ဂျင်ကို နောက်ဆုံးဆောင်ရွက်နိုင်ခဲ့သည်။

Sumitomo Excavator ထုတ်လုပ်သူများနှင့် သဘောတူညီချက်များရယူ၍ Excavator လောကထဲ ၀င်ရောက်လာခဲ့သည်။
2014

Sumitomo Excavator ထုတ်လုပ်သူများနှင့် သဘောတူညီချက်များရယူ၍ Excavator လောကထဲ ၀င်ရောက်လာခဲ့သည်။

CASE ၏ သမိုင်းကြောင်းကို အလေးပြုဦးညွတ်ရင်း CASE ၏ ရပ်တည်မှု သဘောထားတို့ကို သက်သေပြရန်၊
2016

CASE ၏ သမိုင်းကြောင်းကို အလေးပြုဦးညွတ်ရင်း CASE ၏ ရပ်တည်မှု သဘောထားတို့ကို သက်သေပြရန်၊

၁၇၅ နှစ် ပြည့်မြောက်ခဲ့ပါပြီ။
2017

၁၇၅ နှစ် ပြည့်မြောက်ခဲ့ပါပြီ။

" C " စီးရီး Excavator အသေးများ စတင်ထုတ်လုပ်ခဲ့သည်။

CASE Wheel Loader ထုတ်လုပ်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနား ကျင်းပခြင်း
2018

CASE Wheel Loader ထုတ်လုပ်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနား ကျင်းပခြင်း

CASE သည် ၁၉၅၈ ခုနှစ်တွင် 4 wheel drive W9 ကို စတင်ထုတ်လုပ် ဈေးကွက်တင်ခဲ့သည်။ ယနေ့အချိန်အခါတွင် ကုမ္ပဏီသည် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းမှသည် ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းသုံး စက်ယန္တယားအသေးစား၊ အကြီးစားအမျိုးမျိုးကိုလည်း ထုတ်လုပ်လျက်ရှိပါသည်။

CASE SKID STEER ထုတ်လုပ်ခြင်း နှစ် ၅၀ ပြည့်အခမ်းအနား ကျင်းပခြင်း
2019

CASE SKID STEER ထုတ်လုပ်ခြင်း နှစ် ၅၀ ပြည့်အခမ်းအနား ကျင်းပခြင်း

၂၀၁၉ သည် CASE SKID STEER ၏ နှစ် ၅၀ ပြည့် နှစ်ပတ်လည်နေ့ အမှတ်အသားဖြစ်သည်။ နှစ် ၅၀ပြည့် အထိမ်းအမှတ်အဖြစ် BAUMA 2019 ပွဲတွင် CASE SV340B Skid Steer Loader နှင့် TV450B Compact Track Loader အသစ်တို့ကို ဥရောပဈေးကွက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြသမည်ဖြစ်ပါသည်။

မိသိန်းစွမ်းအင်သုံး ProjectTETRA Wheel Loader ကို CASE မှ မိတ်ဆက်ခဲ့သည်။
2019

မိသိန်းစွမ်းအင်သုံး ProjectTETRA Wheel Loader ကို CASE မှ မိတ်ဆက်ခဲ့သည်။

CASE ဆောက်လုပ်ရေးစက်ယန္တယားထုတ်လုပ်ရေးလုပ်ငန်း၏ ProjectTETRA သည် ဂုဏ်သတင်းကြီးသော Good Design Award ဆုရရှိခဲ့ပါသည်။ ProjectTETRA သည် ရေရှည်ဖွံ့ဖြိုးနိုင်စွမ်းသော အချိတ်အဆက်ပြည့်စုံ၍ နည်းပညာ အဆင့်မြင့်သော အနာဂတ်ဆောက်လုပ်ရေးအတွက် ထိုးထွင်းဉာဏ် ပေးဆောင်နိုင်သည့် မိသိန်းစွမ်းအင်သုံး Wheel Loader Concept ဖြစ်ပါသည်။

CASE သည် PROJECT ZEUS အဖြစ် လျှပ်စစ်စွမ်းအင်သုံး 580EV ကို ပွဲထုတ်ပြသခဲ့သည်။
2020

CASE သည် PROJECT ZEUS အဖြစ် လျှပ်စစ်စွမ်းအင်သုံး 580EV ကို ပွဲထုတ်ပြသခဲ့သည်။

CASE ဆောက်လုပ်ရေးစက်ယန္တယားထုတ်လုပ်ရေးလုပ်ငန်းသည် PROJECT ZEUS ၏ 580EV (လျှပ်စစ်စွမ်းအင်သုံးယာဉ်)၊ ဆောက်လုပ်ရေး စက်မှု့လုပ်ငန်းတွင် ပထမဆုံးသော လျှပ်စစ်စွမ်းအားအပြည့်သုံး Backhoe Loader ကို ပွဲထုတ်ပြသခဲ့သည်။

CASE သည် ဘတ္ထရီလျှပ်စစ်အားသုံး CX15EV ကို ပွဲထုတ်၍ မီနီ Excavator လိုင်းကို ချဲ့ထွင်ခဲ့သည်။
2022

CASE သည် ဘတ္ထရီလျှပ်စစ်အားသုံး CX15EV ကို ပွဲထုတ်၍ မီနီ Excavator လိုင်းကို ချဲ့ထွင်ခဲ့သည်။

CASE CX15 EV သည် 16 kW လျှပ်စစ်မော်တာဖြင့် မောင်းနှင်ထားသော 2,900-pound mini excavator ဖြစ်ပြီး၊ ကျဉ်းကျပ်သော နေရာများတွင်အလုပ်လုပ်နိုင်ရန် တံခါးပေါက်များကို ဖြတ်သန်းနိုင်ရန် စက်အကျယ်ကို ၃၁ လက်မခန့်အထိ ချုုံနိုင်သော သံခါးပတ်ဘီးများ တပ်ဆင်ထားပါသည်။

CASE ကုမ္ပဏီသမိုင်း နှစ် ၁၈၀ ပြည့်အခမ်းအနားကျင်းပခဲ့ပါသည်။
2022

CASE ကုမ္ပဏီသမိုင်း နှစ် ၁၈၀ ပြည့်အခမ်းအနားကျင်းပခဲ့ပါသည်။

Learn more
1800
1900
2000

သင်ရှာဖွေနေသာ အရာကို ရိုက်နှိပ်ရှာဖွေပါ။

ရလဒ်များ တွေ့ရှိပါသည်။
အမျိုးအစား
ကဏ္ဍအလိုက်ခွဲထုတ်ခြင်းအားဖြင့်

ရလဒ်များ မတွေ့ရှိပါ။

သင်နှစ်သက်သော စာမျက်နှာများဖြည့်ရန် ဆိုဒ်တစ်လျောက်တွင် ဤအမှတ်အသားပေါ်တွင် ကလစ်နှိပ်ပါ။

ကျွန်ုပ်၏အနှစ်သက်ဆုံးသော CASE ယန္တရားများ

တွေ့ရှိသောရလဒ်