နှစ်သက်မှုအသစ်များထပ်မံဖြည့်တင်းခြင်း

ပစ္စည်းအမျိုးအစား

Backhoe Loaders

T စီးရီး ဘက်ဟိုးလုတ်ဒါ

T စီးရီး ဘက်ဟိုးလုတ်ဒါ

CASE Backhoe Loader ၏ စွမ်းပကားနှင့် စွမ်းအားအပေါ် အခြေတည်၍ ၀ယ်ယူအသုံးပြု သူ ဖောက်သည်များက သူတို့၏ အောင်မြင်မှုများကို ကမ္ဘာတစ်ဝှန်းတွင် တည်ဆောက်ထား ကြသည်။ ဘွန်းဆလင်ဒါများကို ဘွန်းနှင့် တစ်ထပ်တည်းတည်ဆောက်ထားခြင်းကြောင့် သယ်ယူပို့ဆောင်ရာတွင် ဘွန်း၏အမြင့်အား သိပ်ပြီးမမြင့်စေပါ။ ထို့အတူ ဘွန်းလက်တံမှာ ကျစ်လစ်သေးသွယ်သောကြောင့် စက်မောင်းသူ၏ မြင်ကွင်းကို အနှောက်အယှက်မဖြစ်စေပါ။

အရံသင့်အသုံးပြုနိုင်သော စက်ယန္တရားများအတွက်
  • အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
    အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
  • မြို့ပြ
    မြို့ပြ
  • စိုက်ပျိုးရေး
    စိုက်ပျိုးရေး

မော်ဒန်များရှာဖွေပါ

အမှတ်စဉ်၊

T စီးရီး ဘက်ဟိုးလုတ်ဒါ တို့ကို ရှာဖွေလိုပါသည်။ ရှာဖွေသည်
Findyourvehicle-model

သွင်ပြင်လက္ခဏာများ

အင်ဂျင်

ဖွင့်သည် ပိတ်သည်
အင်ဂျင်

ကုန်ကျစရိတ်သက်သာခြင်း

FPT သည် အင်ဂျင်နည်းပညာတွင်ရှေ့မှဦးဆောင်နေပါသည်။

  • Fiat သည် လောင်စာဆီ ပန်းသွင်းခြင်းစနစ် (Fuel Injection System) ၏ နည်းပညာတစ်ခုဖြစ်သော ဖိအားဖြင့် ပန်းသွင်းစနစ် (common rail) ကို ၁၉၈၀ ခုနှစ်တွင် တည်ထွင်ခဲ့ပါသည်။
  • စက်မှုလုပ်ငန်းသုံး အင်ဂျင်များကို တစ်နှစ်လျှင် ၆သိန်းကျော် FPT (Fiat Power Train) မှ ထုတ်လုပ် နေပါသည်။
  • ကျွန်ုပ်တို့၏ အင်ဂျင်များကို မြေကြီးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများတွင်မက ထရပ်ကားများ၊ စိုက်ပျိုးရေး လုပ်ငန်းသို့ စက်ကိရိယာများ၊ ပင်လယ်ပြင်သွားသင်္ဘောများနှင့် စစ်ဘက်သုံးကိရိယာများတွင်ပါ အသုံးပြုလျက် ရှိပါသည်။
  • သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမှ လျော့ပါးသက်သာစေရန် ကျွန်ုပ်တို့၏ အင်ဂျင်များကို ၂၀% ဇီဝလောင်စာအရောဖြင့် မောင်းနှင်နိုင်အောင် ပြုလုပ်ထားပါသည်။

4.5 lt FPT Multijet Engine

4.5 Lt FPT Multijet Engine မှာ နောက်ဆုံးပေါ်နည်းပညာဖြင့် ထုတ်လုပ်ထားခြင်း၊ အရွယ်အစား သေးငယ်ပြီး ကြီးမားသော စွမ်းဆောင်မှုရှိခြင်း၊ ဈေးကွက်အတွင်းရှိ အခြားသော အင်ဂျင်များဖြင့် နှိုင်းယှဉ် ကြည့်ပါက ပြုပြင်ထိန်းသိမ်းမှုစရိတ် အသက်သာဆုံးဖြစ်ခြင်း စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံပါသည်။

  • လေသွင်းစနစ်တွင် သန့်ရှင်းရေးလုပ်ရသည့် အကြိမ်ရေနည်းရန် ဗဟိုခွာအားစနစ်သုံး လေကြိုစစ်ကို တပ်ဆင်ထားပါသည်။
  • မီးလောင်ခန်းတွင် မြင့်မားသော ဆီနှင့် လေအရော ရောစပ်နိုင်အား ရရှိစေသော ပစ်စတင်နှင့် လေ၀င်မန်နီဖိုး တပ်ဆင်ထားခြင်း
  • ဖိအားမြင့်ပြီး အကြိမ်ရေများများဆီပန်းသွင်းသည့်စနစ် တပ်ဆင်ထားခြင်းကြောင့် လေနှင့်ဆီအရော ပိုမို ကောင်းမွန်ပျံ့နှံ့ပြီး မီးလောင်ပေါက်ကွဲမှုစွမ်းရည် ပိုမိုကောင်းမွန်ခြင်း
  • Mechanical Injection Pump တပ်ဆင်ထားသော 580T တွင် စွမ်းရည်မြင့်မားခြင်းသာမက ဆီပန်းသွင်းသည့်စနစ်ကို ပြုပြင်ထိန်းသိမ်းရန် လွယ်ကူခြင်း
  • ပူလီလည်တိုင်းလိုက်လည်သော ပန်ကာမဟုတ်ဘဲ ကြားခံစေပျစ်သော အရည်အသုံးပြုထားသော ပန်ကာ တပ်ဆင်ထားခြင်းကြောင့် အအေးခံစနစ်က လိုအပ်မှသာ လိုက်လည်သောစနစ် အသုံးပြုထားခြင်းဖြစ်သဖြင့် စွမ်းအင်မဆုံးရှုံးခြင်း စသည့် အချက်များနှင့် ပြည့်စုံပါသည်။

ဘေးကင်းလုံခြုံပြီး ပြုပြင်ထိန်းသိမ်းရန် လွယ်ကူခြင်း

အင်ဂျင်တည်ဆောက်ပုံကျစ်လစ်ပြီး ပြုပြင်ထိန်းသိမ်းရန်လွယ်ကူအောင် ဖွဲ့စည်းထားပါသည်။

  • ဆီလယ်ဗယ်နှင့် ဆီစစ်များကို လွယ်ကူစွာစစ်ဆေးနိုင်အောင် စက်ဖုံး၏ ဘယ်ဖက်တွင်ထားရှိပါသည်။ ဘောနက် အဖုံးကို ဖွင့်သည့်အခါ အင်ဂျင်အစိတ်အပိုင်းများကို သေချာရှင်းလင်းစွာ မြင်ရစေရန် ပြုလုပ်ထားပါသည်။ေ* ရတိုင်ကီပတ်လည်တွင် တိုက်မိသည့်အခါ ခုခံနိုင်သည့် Anti bumping frame တပ်ဆင်ထားပါသည်။ အကယ်၍ စက်သည် ၅ကီလိုမီတာ/နာရီ နှုန်းဖြင့် သွားနေသည့်အချိန် အတားအဆီးတစ်ခုကို တိုက်မိပါက ရေတိုင်ကီပျက်စီးခြင်းကြောင့် မမျှော်လင့်သော ပြုပြင်ထိန်းသိမ်းစရိတ်တက်ခြင်းကို လျော့ချစေရန်ဖြစ်ပါသည်။

တစ်ဦးချင်းလိုအပ်ချက်အတွက် ဆောင်ရွက်ထားခြင်းများ

ဖွင့်သည် ပိတ်သည်

ဘတ်ဟိုးလုပ်ငန်းအတွက် ကာကွယ်ထားခြင်း

ဘုရင်၏ မျိုးရိုးဗီဇ DNA

CASE Backhoe Loader ၏ စွမ်းပကားနှင့် စွမ်းအားအပေါ် အခြေတည်၍ ၀ယ်ယူအသုံးပြု သူ ဖောက်သည်များက သူတို့၏ အောင်မြင်မှုများကို ကမ္ဘာတစ်ဝှန်းတွင် တည်ဆောက်ထားကြသည်။

  • CASE DNA ၏ အစိတ်အပိုင်းအဖြစ် ဆန့်ထုတ်နိုင်သော ဘတ်ဟိုးလက်တံ : မြေကြီးနှင့် ထိတွေ့ရသော အစိတ်အပိုင်းများကို ဆောင့်သည့်ဒဏ်နှင့် မြေကြီးများစုပုံကပ်ညိခြင်းမှ ကာကွယ်ထားသည်။
  • ပစ္စည်းများကို အကောင်းဆုံးဆုပ်ကိုင်နိုင်ရန် အသွားများ အထောက်အပံ့ပေးထားသည်။ အထူးသဖြင့် ပိုက်များ လဲလှယ်သောလုပ်ငန်းအတွက် ပိုမိုကောင်းမွန်သည်။
  • ခပ်ကွေးကွေးတည်ဆောက်ထားသည့်ဘွန်းကြောင့် တူးဆွသည့်စွမ်းရည် ပိုမိုကောင်းမွန်ခြင်း၊ ထရပ်ကားပေါ်သို့ တင်ရာတွင် ပိုမိုလွယ်ကူခြင်းစသည့် အကျိုးများ ရရှိစေပါသည်။
  • လုပ်ငန်းခွင်ဘေးအန္တရာယ်ပိုမိုကင်းရှင်းနိုင်စေရေးအတွက် စက်အလုပ် မလုပ်သည့်အချိန်တွင် ကွန်ထရိုးများသည် အလိုအလျောက်ရပ်နားသွားပါသည်။ ခလုတ်များကို ထိလိုက်ပါက ချက်ခြင်းပြန်လည် အလုပ် လုပ်ပါသည်။

တည်ဆောက်ပုံကျစ်လစ်သောကြောင့် သယ်ယူပို့ဆောင်ရာတွင် လွယ်ကူခြင်း

ကြီးမားသော လုပ်ငန်းများအတွက် ကျစ်ကျစ်လစ်လစ်ရှိသော စက်တစ်စီး

ကျွန်ုပ်တို့ဆီနှင့် အချိန်ဖြုန်းခြင်းကို မကြိုက်ပါ။ သင်လဲမကြိုက်ပါဟု ကျွန်ုပ်တို့သိပါသည်။ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေးအတွက် လွယ်ကူရန် စက်၏အမြင့်ကို သိသာစွာ လျှော့ထားခြင်းနှင့် ဆလင်ဒါများတပ်ဆင်ပုံ မှာလည်း boom နှင့် arm တို့နှင့် တစ်သားတည်း တပ်ဆင်ထားပါသည်။ 590 ST နှင့် 695ST တို့၏အမြင့်မှာ ၃.၇မီတာအောက် အောက်ရှိနေချိန်တွင် 580ST ၏ အမြင့်မှာ ၃.၅မီတာအောက်ရှိပါသည်။

အချိန်ကုန်သက်သာခြင်း

စက်မောင်းခန်းအတွင်းမှပင်လုပ်နိုင်ခြင်း

  • စက်မောင်းခန်းအတွင်းမှ လွယ်ကူရိုးရှင်းသော ခလုတ်ဖြင့် ဘတ်ဟိုး၏တပ်ဆင်စရာ ပစ္စည်းများ (ခွက်၊ ကျောက်ခွဲဘရိတ်ကာ) ကို အမျိုးမျိုးလဲလှယ်သုံးနိုင်ရန် ချိတ်အရှင် (Quick Coupler)ကို သုံးနိုင်ပါသည်။
  • လုပ်ငန်းအခြေအနေအမျိုးမျိုးတို့အတွက် လွယ်ကူလျင်မြန်စွာ လဲလှယ်အသုံးပြုနိုင်ပါသည်။

ခွက်ရွေးချယ်မှုမှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း

CASE ၏ နေရာမရွေးသုံးနိုင်သော ချိတ်ဆက်အရှင်

အင်ဂျင်လည်ပတ်နှူန်းအနှေးလည်ဖြင့် လည်ပတ်နေသည့်အချိန်မှာပင် လုပ်ငန်းတာဝန်တစ်ခုခြင်းစီအတွက် မှန်ကန် သော ဟိုက်ဒရောလစ်ဆီပမာဏကို ၀န်ကိုအာရုံခံသည့် ဟိုက်ဒရောလစ်စနစ်မှ ထောက်ပံ့ပေးနိုင်သည်။ ယင်း၏ အကျိုး ရလဒ်မှာ ပုံမှန်ရိုးရိုးဂီယာပန့်တပ်ဆင်သော စနစ်ဖြင့် နှိုင်းယှဉ်ပါက လောင်စာဆီ 14% ထိ သက်သာပါသည်။ မည်သည့် ပန့်အမျိုးအစားကို ရွေးချယ်ပြီး တပ်ဆင်ထားသည်ဖြစ်စေ ဟိုက်ဒရောလစ် ဗဟိုပိတ်စနစ်ကို ဘက်ဟိုး လုပ်ဒါတွင် တပ်ဆင်ထားသည်မှာ CASE ထုတ်လုပ်သူတစ်ဦးသာရှိပါသည်။ စက်မောင်းသူမှ ထိန်းချုပ်မောင်းနှင်နိုင်စွမ်း ပိုကောင်းရန်နှင့် လုပ်ငန်းလျှင်မြန်စေရန် ဟိုက်ဒရောလစ်ဗဟိုပိတ်စနစ်မှ အထောက်အကူပြုထားပါသည်။ တပြိုင်နက် လှုပ်ရှားပြီး ၀န်နှင့် လုပ်ငန်းဆောင်တာမတူပဲ တည်ငြိမ်သော စွမ်းအား ရရှိစေပါသည်။

ဘက်ဟိုးလက်တံနှင့် ဆလင်ဒါများကို မျဉ်းတဖြောင့်ထဲ တပ်ဆင်ထားခြင်း

စွမ်းအားအတွက် အနှောက်အယှက်မဖြစ်ခြင်း

အတွင်း၌ တပ်ဆင်ထားပြီး ဆန့်ထုတ်နိုင်သော လက်တံ (Arm) နှင့် ဆလင်ဒါများကို မျဉ်းတဖြောင့်တည်း တပ်ဆင်ထားခြင်းတို့ကို ဒီဇိုင်းအသစ်ဘတ်ဟိုးအဖြစ် CASE မှ တင်ဆက်လိုက်ပါသည်။ ဖောက်သည်များ၏ ကိုယ်ပိုင်လိုအပ်ချက်များအတွက် ပိုမိုကောင်းမွန်သော နည်းပညာဖြင့်လည်း ဖြေရှင်းပေးလျက်ရှိပါသည်။ ထူးခြားသောလက္ခဏာများ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး လူသိများသော CASE မျိုးရိုးဗီဇနှင့် ထိပ်တန်းစွမ်းဆောင်မှု တို့က ဈေးကွက်ကို ဦးဆောင်ရန်အတွက် မတူညီသည့် ရလဒ်များဖြစ်သည်။ ဘွန်းကိုကျော်လွန်၍ မြင်ကွင်း ကောင်းမွန်စွာ မြင်ရရေးအတွက် ဆလင်ဒါများကို ဖြောင့်တန်းစွာ တပ်ဆင်ထားပါသည်။ ကွေးညွတ်သော တည်ဆောက်ပုံများကို လျှော့ချ၍ သက်ရောက်သော ဒဏ်များကို ပျံ့နှံ့စေရေး၊ ဘတ်ဟိုးကြီးများတွင်လည်း ကုန်ထုတ်စွမ်းအားနှင့် ယုံကြည်အားထားရမှုတို့ ရရှိစေရန် ဤနည်းပညာအသုံးပြုထားပါသည်။ ဆန့်ထုတ်နိုင်သော ဘတ်ဟိုးလက်တံနှင့် ဆလင်ဒါများကို မျဉ်းတဖြောင့်ထဲ တပ်ဆင်ထားသော CASE မျိုးရိုးဗီဇ DNA boom တို့ကို နည်းပညာအသစ်တို့ဖြင့် ၀န်းရံထားပြီး လူသိများစေပါသည်။

Loader ပိုင်းကို စွမ်းဆောင်မှုကောင်းစေရန် မျဉ်းတဖြောင့်တည်း တည်ဆောက်ထားခြင်း

ဖွင့်သည် ပိတ်သည်

စက်စီးနင်းရမှုကို အလိုအလျောက်ထိန်းချုပ်ခြင်း

ဘေးကင်းသော ကုန်ထုတ်စွမ်းအား

  • စက်စီးနင်းရမှုကို အလိုအလျောက်ထိန်းချုပ်ခြင်းဖြင့် ယာဉ်သွားလာစဉ်တွင် ခုန်ဆွ ခုန်ဆွမဖြစ်ခြင်း၊ ထိုသို့ ခုန်ဆွ ခုန်ဆွမဖြစ်ခြင်းကြောင့် ယာဉ်သွားရာမြေမျက်နှာပြင်အားလုံးပေါ်တွင် လှိုင်းများ ချိုင့်များ မဖြစ်ပေါ်စေခြင်းနှင့် ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် မြန်မြန်သွားနိုင်ခြင်းတို့ကြောင့် ခရီးသွားချိန်တိုတောင်းခြင်း စသည့် အကျိုးကျေးဇူး များရရှိပါသည်။ အမျိုးမျိုးသော မြေအနေအထားနှင့် လိုက်ဖက်သော ချိန်ညှိချက်သုံးမျိုးကို ရွေးချယ်နိုင်ပါသည်။
  • မြင့်မားသော ကုန်ထုတ်စွမ်းအား ရရှိနိုင်ရန်နှင့် လွန်စွာကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ပေါ်တွင် မောင်းနှင် သည့်အခါ ခွက် (bucket) ကို တည်ငြိမ်စွာ ထိန်းနိုင်ရေးတို့အတွက် ရှေ့ဝင်ရိုးကို ဘယ်ညာ အနိမ့်အမြင့် ၁၁ ဒီကရီ ကစားနိုင်အောင် တည်ဆောက်ထားပါသည်။
  • ကွဲပြားခြားနားသော လိုအပ်ချက်များဖြစ်သည့် ကုတ်အား၊ ဆောင့်သည့်ဒဏ်နှင့် ကျိတ်သည့်ဒဏ်ကို ခံနိုင်အား ရရှိနိုင်ရန် တာယာအမျိုးမျိုး ကိုထုတ်လုပ်ထားပါသည်။ ဒီဇိုင်းအားဖြင့် စက်မှုလုပ်ငန်းသုံးမှ စိုက်ပျိုးရေးလုပ်ငန်း သုံးအထိ၊ နည်းပညာအားဖြင့် ဗဟိုမှ ဖြာထွက်သည့် တည်ဆောက်မှုမျိုးမှ ကန့်လန့်ဖြတ်တည်ဆောက်မှုမျိုး အထိ အမျိုးမျိုးသော တာယာများကို ရနိုင်ပါသည်။

လျှင်မြန်သော ၀န်တင်ခြင်း

မည်သည့်အလုပ်မှ လွန်စွာလွယ်ကူသည်ဟုမရှိပါ

မျဉ်းကွေးများဖြင့် ပုံဖေါ်ထားသည့် loader လက်တံများသည် စက်မောင်းသူ အထောက်အကူပြု စက်မှုအားဖြင့် လုပ်ဆောင်သော ကိုယ်တိုင်ပြင်ညီ ညှိလုပ်ငန်းလုပ်နေစဉ် အတောအတွင်းမှာပင် ထရပ်ကားပေါ်သို့ ၀န်တင်သည့် လုပ်ငန်းကို တိုးတက်စေသည်။ ထပ်ပြန်တလဲလဲ ၀န်တင်သည့် လုပ်ငန်းစဉ်လုပ်နေရသော စက်မောင်းသူ၏ ပင်ပန်းနွမ်းနယ်မှုကို သိသာထင်ရှားစွာလျှော့ချနိုင်ရန် တူးသည့် ပုံစံပြန် (return to dig) သည့် လုပ်ငန်းစဉ်ကို ထည့်သွင်းထားပါသည်။ ထို့ကြောင့် မြေကြီးတူးခြင်း၊ ကားပေါ်တင်ခြင်းစသည့် လုပ်ငန်းစဉ်များ မြန်ဆန်လာပါသည်။ loader ရှေ့မြင်ကွင်းကို မြင်နိုင်စွမ်းကောင်းခြင်းနှင့် စက်မှုအားဖြင့် လုပ်ဆောင်သော ကိုယ်တိုင်ပြင်ညီညှိလုပ်ငန်းတို့ တပ်ဆင်ထုတ်လုပ်ထားခြင်းကြောင့် တူးခြင်း၊ ကားပေါ်တင်ခြင်း တို့ကို လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်ပါသည်။

အကန့်အသတ်ဘောင်များ၏အပေါ်

အလုပ်လုပ်နိုင်စွမ်း ကထိပ်တန်း၊ ပြုပြင်ထိန်းသိမ်းစရိတ် အနည်းဆုံး

လုပ်ငန်းလိုအပ်ချက်အရ loader ခွက်ကို မြင့်မြင့်မြှောက်ရန်လိုအပ်ပြီး loader လက်တံအဖြောင့်က ယခုလိုအပ်ချက်၏ အဖြေဖြစ်ပါသည်။ loader လက်တံဒီဇိုင်းတည်ဆောက်ပုံ မရှုပ်ထွေးသောကြောင့် အမဲဆီထိုးရမည့် နေရာနည်းပြီး စက်၏ရှေ့ကို မြင်နိုင်စွမ်းကောင်းပါသည်။ တူးအားနှင့် မတင်သည့် စွမ်းအားကို မထိခိုက်ပဲ ဖြောင့်ပြီးရှည်သော loader လက်တံက ပုံမှန်အကွေး လက်တံထက် ၈စင်တီမီတာ ပို၍ မြင့်မြင့် မြှောက်နိုင်ပါသည်။ ခွက်ကိုမြှောက်၍ အပေါ်ရောက်သောအခါ စောင်းမသွားသော လုပ်သောလုပ်ငန်း (Anti tipping Function) ကြောင့် မြေကြီးများကို ထရပ်ကားပေါ်တင်သည့်အချိန် ထွက်ကြနိုင်သော အားနည်းချက် မရှိတော့ချေ။

ပစ္စည်းအမျိုးအစား

ကိုယ်စားလှယ်ရုံးကို ရှာဖွေပါ။

CASE ကိုယ်စားလှယ်များသည် CASE ထုတ်ကုန်များအကြောင်းအားလုံး သိရှိနားလည်ကြသည်။

ရှာဖွေမှုစတင်ရန် အောက်ပါအချက်အလက်များဖြည့်သွင်းပါ။

ယခုပဲရှာဖွေလိုက်ပါ။

သင်ရှာဖွေနေသာ အရာကို ရိုက်နှိပ်ရှာဖွေပါ။

ရလဒ်များ တွေ့ရှိပါသည်။
အမျိုးအစား
ကဏ္ဍအလိုက်ခွဲထုတ်ခြင်းအားဖြင့်

ရလဒ်များ မတွေ့ရှိပါ။

သင်နှစ်သက်သော စာမျက်နှာများဖြည့်ရန် ဆိုဒ်တစ်လျောက်တွင် ဤအမှတ်အသားပေါ်တွင် ကလစ်နှိပ်ပါ။

ကျွန်ုပ်၏အနှစ်သက်ဆုံးသော CASE ယန္တရားများ

တွေ့ရှိသောရလဒ်