နှစ်သက်မှုအသစ်များထပ်မံဖြည့်တင်းခြင်း

ပစ္စည်းအမျိုးအစား

Excavators

C series ချိန်းပတ်ဖြင့်မောင်းနင်သည့်မြေတူးစက်များ

C series ချိန်းပတ်ဖြင့်မောင်းနင်သည့်မြေတူးစက်များ

အလုပ်တစ်ခုခြင်းစီအတွက်ပိုသောအကျိုးအမြတ်
အဆင့်မြင့်ဒီဇိုင်းနှင့်တွက်ချက်တည်ဆောက်ထားသောကြောင့် CASE မြေတူးစက်များသည် အမြင့်ဆုံးကုန်ထုတ်စွမ်းအားနှင့် လောင်စာဆီသက်သာစေပါသည်။ CASE မြေတူးစက်များသည် မက်ထရစ်တန် ၈ တန်မှ တန် ၈၀ အထိရှိသည်။ ၎င်းမြေတူးစက်များကိုမြင့်မားသောစွမ်းဆောင်ရည်နှင့်ကြာရှည်ခံမှုအတွက်ဒီဇိုင်းပြုလုပ်ထားသည်။ သင့်အလုပ်အကိုင်မည်သို့ပင်ရှိပါစေ CASE သည်သင့်အတွက်မှန်ကန်သောစက်အမျိုးအစားဖြစ်သည်။

အရံသင့်အသုံးပြုနိုင်သော စက်ယန္တရားများအတွက်
  • အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
    အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
  • မြို့ပြ
    မြို့ပြ
  • ပြန်လည်သန့်စင်အသုံးပြုခြင်း
    ပြန်လည်သန့်စင်အသုံးပြုခြင်း
  • ကျောက်ထုတ်လုပ်ရေး လုပ်ငန်း
    ကျောက်ထုတ်လုပ်ရေး လုပ်ငန်း

မော်ဒန်များရှာဖွေပါ

အမှတ်စဉ်၊

C series ချိန်းပတ်ဖြင့်မောင်းနှင်သည့်မြေတူးစက်များ တို့ကို ရှာဖွေလိုပါသည်။ ရှာဖွေသည်

သွင်ပြင်လက္ခဏာများ

ချိန်းပတ်ဖြင့်မောင်းနှင်သည့်မြေတူးစက်များ၏မျိုးဆက်

ဖွင့်သည် ပိတ်သည်
ချိန်းပတ်ဖြင့်မောင်းနှင်သည့်မြေတူးစက်များ၏မျိုးဆက်

ရေရှည်တည်တံ့မှု

စက်အပေါ်ပိုင်းဖွဲ့စည်းပုံတွင်ဟိုက်ဒရောလစ်စွမ်းဆောင်ရည်နှင့်ကိုက်ညီစေရန်ပြန်လည်ဒီဇိုင်းပြုလုပ်ထားသောတည်ဆောက်မှုသည်အကြမ်းတမ်းဆုံးအခြေအနေများတွင်ပင် CASE ၏ကြာရှည်ခံမှုနှင့်ယုံကြည်စိတ်ချရမှုကိုသေချာစေသည်။ Boom နှင့် Dipper တို့တွင်ပုံသွန်းလောင်းပြုလုပ်ထားသော bracket တို့၏စွမ်းဆောင်ချက်သည်အစိတ်အပိုင်းများ၏အသုံးခံမှုသက်တမ်းကိုကြာစေသည်။ Boom နှင့် Dipper ချိတ်ဆက်မှုကြားတွင် shim ပြားများခံပီးတပ်ဆင်ထားသောကြောင့်ပွန်းစားမှုကိုလျော့ချပြီးအသုံးခံမှုသက်တမ်းကိုကြာစေသည်။ ဓာတုဟိုက်ဒရောလစ်ဆီစစ်ဖစ်တာသည်စနစ်အတွင်းလည်ပတ်နေသည့်ဟိုက်ဒရောလစ်ဆီညစ်ညမ်းမှုကိုလျော့နည်းစေပြီးဝန်ဆောင်မှုကုန်ကျစရိတ်များကိုလျှော့ချပေးပြီးစက်သက်တမ်းကိုတိုးစေသည်။

သက်သာသောကုန်ကျစရိတ်

ဖွင့်သည် ပိတ်သည်

စွမ်းအားကောင်းသောအင်ဂျင်တပ်ဆင်ထာသည့်CASEစက်သည် လောင်စာဆီသုံးစွဲမှုကိုလျှော့ချပေးသည်။ ဆီလောင်ကန်အကြီးပါရှိပြီးဆီစားသုံးမှုနည်းသောကြောင့်ဆီပြန်လည်ဖြည့်တင်းမှုကြားတွင် ၂ ရက်ကျော်အလုပ်လုပ်သည်။ pins များအားလုံးတွင်လျောဆီပြန်လည်ဖြည့်တင်းမှုစနစ်ပါရှိခြင်းသည်အခြားယှဉ်ပြိုင်ဘက်နှင့်နှိုင်းယှဉ်လျှင်pins ၏သက်တမ်းကိုကြာရှည်စေသည်။ ဖစ်တာများအားလုံးနှင့်ပုံမှန်ဖြည့်သည့်နေရာများသည်လွယ်ကူစွာလုပ်ဆောင်နိုင်ရန်ပေါင်းစည်းထားသည်။ ပိုမိုထိရောက်သောအအေးနှင့်သန့်ရှင်းရေးအတွက်လွယ်ကူစွာရရှိစေရန်ရေတိုင်ကီနှင့်အအေးခံများကိုတပ်ဆင်ထားသည်။ စီးဆင်းမှုများများနှင့်အလိုအလျောက်ဖြတ်တောက်ထားသည့့််ဆီဖြည့်pumpသည်ပုံမှန်ဆီဖြည့်သည့်ကြာချိန်ကိုလျော.ချပေးသည်။

ကုန်ထုတ်လုပ်မှုစွမ်းအား

ဖွင့်သည် ပိတ်သည်

အကျွမ်းတဝင်ရှိသောလုပ်ငန်းလည်ပတ်မှုစနစ်များကို၀ယ်ယူသူဖောက်သည်များ၏လိုအပ်ချက်နှင့်ကိုက်ညီစေရန်ပါဝါမုဒ် (၃) ခုပေးထားသည်။

A MODE - မြေသားညှိခြင်း၊မတင်ခြင်းနှင့်တိကျသောအလုပ်။
H MODE - ကုန်ထုတ်စွမ်းအားနှင့်လောင်စာဆီသုံးစွဲမှုတို့တွင်အကောင်းဆုံးမျှတမှုရှိသည်။
SP MODE - အများဆုံးကုန်ထုတ်စွမ်းအားလိုအပ်သောအလုပ်များရန်အတွက်အမြန်နှုန်းနှင့်စွမ်းအင်။

အော်တိုပါဝါတိုးမြှင့် - အလုပ်၀န်၏တောင်းဆိုချက်တွေအရသိရသည်နှင့်အလိုအလျောက်ဟိုက်ဒရောလစ်ဖိအားတိုးပွားစေပါသည်။ အဆင့်မြင့်သောဟိုက်ဒရောလစ်စနစ်သည်မြင့်မားသော breakout force (ပစ္စည်းသို့မဟုတ်၀န်ကိုဆန့်ကျင်ပီး bucket မှကုတ်နိုင်မနိုင်သည့်စွမ်းအား)၊ကိုယ်ထည်လှည့်ခြင်းအမြန်နှုန်း(swing speeds) နှင့် ကိုယ်ထည်လှည့်ခြင်းရုန်အား (swing torque) တို့ကိုပိုမိုမြန်ဆန်စေသည်။ မြန်နှုန်းနှင့်ပါဝါကိုအီလက်ထရောနစ်စီမံခန့်ခွဲမှုကလောင်စာဆီသုံးစွဲမှုကိုလျော့နည်းစေပြီးထုတ်လုပ်မှု၏အကျိုးကျေးဇူးများကိုများစွာသက်သာစေသည်။

သက်သောင့်သက်သာမှုရရှိသည့်အချက်များ

ဖွင့်သည် ပိတ်သည်

အော်ပရေတာသက်သာခြင်း

ကျယ်ဝန်းသည့်ကက်အိမ်တည်ဆောက်ပုံသည်အော်ပရေတာအတွက်ခြေဆန့်လက်ဆန့်ရှိစေပြီးကျယ်ပြန့်သောဖန်မျက်နှာပြင်သည်အော်ပရေတာ၏မြင်ကွင်းကိုရှင်းလင်းစေနိုင်သည်။ ခေတ်မီဆန်းသစ်သောအသွင်အပြင်အလိုလိုသိသောထိန်းချုပ်မှုများနှင့်လှဲနိုင်သောထိုင်ခုံများသည်အော်ပရေတာအားလုံးအတွက်အကောင်းဆုံးသက်တောင့်သက်သာဖြစ်စေသည်။ ထို့အပြင် ရှော့ဘားခံပြီးတပ်ဆင်ထာသောကက်အိမ် နှင့်အရည်အသွေးမြင့်မားသော ကာဘာ များသည် အော်ပရေတာ စိတ်ပင်ပန်းမှု ကိုလျော့နည်းစေပြီးကုန်ထုတ်စွမ်းအားနှင့်စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးသည်။ ကြိုတင်သတ်မှတ်ထားသည့်စနစ်သို့ပြန်သွားခြင်းနှင့်အတူအနေအထားလေမျိုးသို့ပြောင်းနိုင်သောခလုတ်များသည်အော်ပရေတာအားလုံးအတွက်အရွယ်အစားနှင့်လိုအပ်ချက်များကိုဖြည့်ဆည်းပေးလိမ့်မည်။

ဘေးအန္တရာယ်ကင်းရှင်းမှုနှင့်ထိန်းသိမ်းရေး

ဖွင့်သည် ပိတ်သည်

ကက်အိမ်ပတ်ပတ်လည်မြင်နိုင်သောအရာအားလုံးကိုအတားအဆီးမရှိမြင်နိုင်ရန်ညာဘက်ခြမ်းတွင်ကျယ်ပြန့်သောမှန်ပြတင်းပေါက်တစ်ခုစီပါရှိသည်။ကက်အိမ်ဘောင်ဖွဲ့စည်းပုံသည်ယခင်မော်ဒယ်များ၏တည်ဆောက်ပုံခိုင်ခံ့မှုသုံးဆရှိပြီးအော်ပရေတာအတွက်ဆူညံသံနှင့်တုန်ခါမှုကိုလျော့နည်းစေသည်။ခေတ်မီဆန်းသစ်သောဒီဇိုင်းပါ၀င်သည့်ချိန်ညှိထိန်းချုပ်နိုင်သောခလုတ်သည်သက်တောင့်သက်သာရှိပြီးလုံခြုံစိတ်ချမှုကိုတိုးမြှင့်ခြင်းအားဖြင့်မှန်ကန်သောလည်ပတ်မှုစနစ်ကိုရွေးချယ်ရန်ပိုမိုလွယ်ကူစေသည်။

ပစ္စည်းအမျိုးအစား

ကိုယ်စားလှယ်ရုံးကို ရှာဖွေပါ။

CASE ကိုယ်စားလှယ်များသည် CASE ထုတ်ကုန်များအကြောင်းအားလုံး သိရှိနားလည်ကြသည်။

ရှာဖွေမှုစတင်ရန် အောက်ပါအချက်အလက်များဖြည့်သွင်းပါ။

ယခုပဲရှာဖွေလိုက်ပါ။

သင်ရှာဖွေနေသာ အရာကို ရိုက်နှိပ်ရှာဖွေပါ။

ရလဒ်များ တွေ့ရှိပါသည်။
အမျိုးအစား
ကဏ္ဍအလိုက်ခွဲထုတ်ခြင်းအားဖြင့်

ရလဒ်များ မတွေ့ရှိပါ။

သင်နှစ်သက်သော စာမျက်နှာများဖြည့်ရန် ဆိုဒ်တစ်လျောက်တွင် ဤအမှတ်အသားပေါ်တွင် ကလစ်နှိပ်ပါ။

ကျွန်ုပ်၏အနှစ်သက်ဆုံးသော CASE ယန္တရားများ

တွေ့ရှိသောရလဒ်