နှစ်သက်မှုအသစ်များထပ်မံဖြည့်တင်းခြင်း

ပစ္စည်းအမျိုးအစား

Excavators

B series ချိန်းပတ်ဖြင့်မောင်းနှင်သည့်မြေတူးစက်များ

B series ချိန်းပတ်ဖြင့်မောင်းနှင်သည့်မြေတူးစက်များ

အလုပ်တစ်ခုစီအတွက်ပို၍ ရရှိနိုင်သော အကျိုးအမြတ်
CASE မြေတူးစက်များသည် ကုန်ထုတ်လုပ်ငန်းများအတွက် အချိန်တိုအတွင်း လျင်မြန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုနှင့် ဆီစားသက်သာမှုတို့ကို အခြေခံပြီး ဆန်းသစ်သော ဒီဇိုင်းများဖြင့် ပြုလုပ်ထားသည်။ CASE မြေတူးစက်များကို လုပ်ငန်းလုပ်ဆောင်နိုင်သော အလေးချိန်အနေဖြင့် ၈တန်မှ တန်၈၀ အထိ အမျိုးအစားများစွာ ထုတ်လုပ်ထားသည်။ ထို့အပြင်မြင့်မားသောစွမ်းဆောင်နိုင်မှုနှင့် ကြာရှည်အသုံးခံမှုတို့ကိုပါ ဒီဇိုင်းပြုလုပ်ထားသည်။ သင်၏ မည်သည့်လုပ်ငန်းမျိုးမဆို သင့်အတွက် မှန်ကန်သောရွေးချယ်မှုသည် CASE ပင်ဖြစ်သည်။

အရံသင့်အသုံးပြုနိုင်သော စက်ယန္တရားများအတွက်
  • အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
    အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
  • မြို့ပြ
    မြို့ပြ
  • ပြန်လည်သန့်စင်အသုံးပြုခြင်း
    ပြန်လည်သန့်စင်အသုံးပြုခြင်း
  • ကျောက်ထုတ်လုပ်ရေး လုပ်ငန်း
    ကျောက်ထုတ်လုပ်ရေး လုပ်ငန်း

မော်ဒန်များရှာဖွေပါ

အမှတ်စဉ်၊

B series ချိန်းပတ်ဖြင့်မောင်းနှင်သည့်မြေတူးစက်များ တို့ကို ရှာဖွေလိုပါသည်။ ရှာဖွေသည်
Findyourvehicle-model

သွင်ပြင်လက္ခဏာများ

မူပိုင်ချိန်းတပ်မြေတူးစက်

ဖွင့်သည် ပိတ်သည်
မူပိုင်ချိန်းတပ်မြေတူးစက်

ပင်ကို အကြမ်းခံနိုင်မှု

ဟိုက်ဒရောလစ်ပါဝါစွမ်းဆောင်နိုင်မှုနှင့် ချိတ်ဆက်မှုညီမျှစေရန် အပေါ်ပိုင်းတည်ဆောက်မှုအား ပြန်လည်ဒီဇိုင်း ပြုလုပ်ထားသောကြောင့် ကြမ်းတမ်းသော အခြေအနေမျိုး၌ပင်လျှင် CASE ၏ အထင်ကရဖြစ်သော ကြာရှည်စွာ အသုံးပြုနိုင်မှုနှင့် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်မှုတို့က လုံးဝသေချာပင်ဖြစ်သည်။ ဘွန်းနှင့် ဒစ်ပါတို့တွင်လည်း အကြမ်းခံနိုင်အောင် ပုံဖော်ထားသည့် ဘကက်များ၊ အစိတ်အပိုင်းများတွင်လည်း ပျက်စီးမှုအနည်းဆုံးနှင့် သက်တမ်းကြာရှည်စွာ အသုံးခံနိုင်မှု၊ အမှားခံနိုင်မှု ကွာဟချက်အနည်းဆုံး အစရှိသည်တို့ကို လုပ်ဆောင်ထား သည်။ ဘွန်းနှင့် ဒစ်ပါပင် ဘေးဘက်တွင်ရှိသော ရှင်းပြားများအား ပြုပြင်ထိန်းသိမ်းမှု အချိန်နည်း စေရန်နှင့် ပွန်းစားမှု နည်းအောင်ပြုလုပ်ထားသည်။ Synthethic ဟိုက်ဒရောလစ် filter ကို သုံးထားခြင်းကြောင့် ဟိုက်ဒရောလစ်စနစ်အတွင်း အမှုန်အမွှား၊ အညစ်အကြေးဖြစ်မှုကို လျော့ချနိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှုစရိတ် လျော့ချနိုင်ခြင်း၊ စက်၏သက်တမ်းကို ကြာရှည်စေခြင်း စသည်တို့ကို ရရှိသည်။

လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်သက်သာခြင်း

ဖွင့်သည် ပိတ်သည်

ဆီစားမှုနှင့် ညီမျှသည့် ပါဝါအပြည့်အ၀ ထုတ်ပေးနိုင်ပြီး အိပ်ဇောဓါတ်ငွေ့တွင် ပါဝင်သည့် အဆိပ်အတောက် ဖြစ်စေမည့် ဓါတ်ငွေ့လျော့ချမှုအဆင့်(၃)ရှိသည့် Tier III အင်ဂျင်ဖြစ်သည်။ ဆီတိုင်ကီပမာဏကြီးမားပြီး ဆီစားနှုန်း သက်သာမှု့ကြောင့် ၂ ရက်မှ ၁ ကြိမ်သာ ဆီဖြည့်ရသည့်အတွက် အချိန်ကုန်သက်သာစေသည်။ အခြား ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လျှင် ပင်(pin) အားလုံးအတွက်အမဲဆီထိုးရသည့် အကြိမ်ရေနည်းခြင်းကြောင့် ပြုပြင်ထိန်းသိမ်းမှုစနစ်အတွက် အချိန်ကုန်သက်သာစေသည်။ လွယ်ကူစွာလုပ်ဆောင်နိုင်ရန်အတွက် filter များနှင့် ပုံမှန်ဖြည့်ဆည်းရန် လိုအပ်သည့် အစိတ်အပိုင်းများအတွက် နေရာများကို ပေါင်းစည်းပေးထားသည်။ ရေတိုင်ကီနှင့် အအေးခံသည့် တိုင်ကီများကို အအေးပေးနိုင်သည့် စွမ်းရည်ပိုမိုကောင်းမွန်ရန်၊ သန့်ရှင်းရေး ပြုလုပ်ရန် လွယ်ကူစေဖို့ ဘေးချင်းယှဉ်၍တပ်ဆင်ထားသည်။ ပုံမှန်ဆီပြန်လည်ဖြည့်ရန်အတွက် အချိန်ကုန် သက်သာစေပြီး ဆီဖြည့်လျှင် အလိုအလျှောက်ရပ်ပေးသည့် မြန်နှုန်းမြင့်ဆီပန့်ကို ချွင်းချက်အနေဖြင့် တပ်ဆင် ထားသည်။

ထုတ်လုပ်မှုစွမ်းအား

ဖွင့်သည် ပိတ်သည်

ပါဝါနှင့် အမြန်နှုန်း

မည်သည့်စက်မောင်းမဆို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော အလုပ်လုပ်သည့် နည်းလမ်း ၃ခု ပါဝင်သည့် စနစ် ခလုပ်ကို တပ်ဆင်ထားသည်။

A နည်းလမ်း - မြေညှိခြင်း၊ မ တင်ခြင်းနှင့် တိကျသည့် အနုစိတ်လုပ်ငန်းများအတွက်
H နည်းလမ်း - လုပ်ငန်းပြီးမြောက်မှုနှင့် ဆီစားမှုနှုန်းကြား အကောင်းဆုံးဟန်ချက်ညီ အနေအထား
SP နည်းလမ်း - လိုအပ်ချက်အရ လုပ်ငန်းလုပ်ဆောင်မှုအမြင့်ဆုံးနှင့် အမြန်ဆုံး ရရှိရန် အမြန်နှုန်းနှင့် ပါဝါကို ပိုမို အသုံးချခြင်း။

အော်တိုပါဝါဘု(စ်): လုပ်ငန်းဆောင်ရွက်ချက်၏ တောင်းဆိုချက်အရ အလိုအလျောက် ဟိုက်ဒရောလစ်စွမ်းအား ကို တိုးမြှင့်ပေးခြင်းဖြစ်သည်။ တိုးတက်လာသော ဟိုက်ဒရောလစ်စနစ်သည် အမ်းနှင့် ဘကက်တို့မှ ကုတ်နိုင်၊ ကော်နိုင်၊ တူးနိုင်သည့်စွမ်းအား၊ မြင့်မားသော (swing) လည်နှုန်း၊ swing ရုန်းအား စသည်တို့ကို ထုတ်ပေးပြီး အကျိုးဆက်အနေဖြင့် လုပ်ငန်းလည်ပတ်မှုအချိန်ကို မြန်ဆန်စေခြင်းဖြစ်သည်။ ဆီစားသက်သာမှု၊ လုပ်ငန်းလုပ် ဆောင်ရန်အတွက် ကြာချိန်နှင့် ကုန်ကျမှုတို့မှ အကျိုးအမြတ်ရရှိရန် စဉ်းစားတွက်ချက်မှုတို့ကို လျှပ်စစ်နည်းပညာ ထိန်းချုပ်မှုဖြင့် အမြန်နှုန်းနှင့် ပါဝါစွမ်းအားကို လုပ်ဆောင်စေသည်။

သက်သောင့်သက်သာရှိခြင်း

ဖွင့်သည် ပိတ်သည်

စက်မောင်းသူသက်သောင့်သက်သာရှိခြင်း

ကျယ်ဝန်းသော ကက်အိမ်အသွင်အပြင်သည် စက်မောင်းသူအတွက် ခြေဆန့် လက်ဆန့်လုပ်ကိုင်နိုင်မှုကို ရရှိစေ သည်။ ကျယ်ပြန့်သော မှန်သားပြင်သည်လည်း စက်မောင်းသူအတွက် အလင်းရောင်ရရှိမှု ခံစားချက်ကို ပေးစွမ်း သည်။ လုပ်ငန်းခွင်တိုးတက်မှု ရှုထောင့်မှ ဒီဇိုင်းထုတ်ထားသော အသွင်အပြင်၊ အလိုလိုသိသော ထိန်းချုပ်မှုနှင့် ကျောခင်းနိုင်သည်အထိ လိုအပ်သလို ချိန်ညှိနိုင်သော ထိုင်ခုံတို့ကို တပ်ဆင်ထားသည်။ ထပ်တိုးအနေဖြင့် ကက်အိမ်၏ တုန်ခါမှုကို လျော့ချရန် ကက်မောင်းတင်းများကို တပ်ဆင်ထားခြင်းနှင့် အရည်အသွေးမြင့်သော အခင်းအကာများ တပ်ဆင်ထားခြင်းတို့က စက်မောင်းသူအား စိတ်ပင်ပန်းမှုကို လျော့ကျစေပြီး လုပ်ငန်းခွင် ပြီးမြောက်မှုနှင့် စွမ်းဆောင်ရည်ပမာဏတို့ကို မြင့်တင်ပေးသည်။ ထိုင်ခုံလက်ရန်းမှာလည်း စက်မောင်းသူအားလုံး နှင့် ကိုက်ညီမည့်အနေအထား ၄ခုကို ချိန်ညှိနိုင်ပြီး မူလအနေအထားသို့ ပြန်ရောက်သည့် ခလုတ်လည်း ပါရှိသည်။

ဘေးကင်းလုံခြုံမှုနှင့် ပြုပြင်ထိန်းသိမ်းမှု

ဖွင့်သည် ပိတ်သည်

ကက်အိမ်၏ ညာဘက်ခြမ်းအား ဧရိယာကြီးသည့် ၁ချပ်တည်းသောမှန်ကို တပ်ဆင်ထားသောကြောင့် ကက်အိမ် အတွင်းမှ အပြင်သို့ ကြည်လင်ပြတ်သားစွာ အတားအဆီးမရှိဘဲ ကြည့်နိုင်သည်။ ဖရိန်တည်ဆောက်ထားမှုမှာ ယခင်ထုတ်လုပ်ခဲ့သည့် မော်ဒယ်များထက် ၃ဆပို၍ တောင့်တင်းခိုင်မာပြီး၊ စက်မောင်းသူအတွက် တုန်ခါမှုနှင့် ဆူညံခြင်းဖြစ်စေမည့်အရာများကို လျော့ချပေးထားသည်။ လုပ်ငန်းခွင်တိုးတက်မှုအတွက် ပိုမိုသင့်တော်မည့် ဒီဇိုင်း များနှင့် လိုသလိုချိန်ညှိနိုင်သော ခလုတ်များ တပ်ဆင်ထားခြင်းသည် လုပ်ငန်းလုပ်ဆောင်ရန် မှန်ကန်သည့် ခလုတ်ကို ရွေးချယ်ရန် လွယ်ကူသည်။ ထို့ပြင်ဘေးကင်းလုံခြုံမှုနှင့် သက်သောင့်သက်သာဖြစ်မှုကို ရရှိစေသည်။

ပစ္စည်းအမျိုးအစား

ကိုယ်စားလှယ်ရုံးကို ရှာဖွေပါ။

CASE ကိုယ်စားလှယ်များသည် CASE ထုတ်ကုန်များအကြောင်းအားလုံး သိရှိနားလည်ကြသည်။

ရှာဖွေမှုစတင်ရန် အောက်ပါအချက်အလက်များဖြည့်သွင်းပါ။

ယခုပဲရှာဖွေလိုက်ပါ။

သင်ရှာဖွေနေသာ အရာကို ရိုက်နှိပ်ရှာဖွေပါ။

ရလဒ်များ တွေ့ရှိပါသည်။
အမျိုးအစား
ကဏ္ဍအလိုက်ခွဲထုတ်ခြင်းအားဖြင့်

ရလဒ်များ မတွေ့ရှိပါ။

သင်နှစ်သက်သော စာမျက်နှာများဖြည့်ရန် ဆိုဒ်တစ်လျောက်တွင် ဤအမှတ်အသားပေါ်တွင် ကလစ်နှိပ်ပါ။

ကျွန်ုပ်၏အနှစ်သက်ဆုံးသော CASE ယန္တရားများ

တွေ့ရှိသောရလဒ်