နှစ်သက်မှုအသစ်များထပ်မံဖြည့်တင်းခြင်း

ပစ္စည်းအမျိုးအစား

Compactors

ဒလိမ့်တုံးတစ်ခုထဲပါသော အမျိုးအစား

ဒလိမ့်တုံးတစ်ခုထဲပါသော အမျိုးအစား

ယခုခေတ်လမ်းတည်ဆောက်ရေးတွင် လိုက်ဖက်သင့်လျော်သော CASE Soil Compactor (မြေသားကျစ်လစ် မာကျောစေရန် ပြုလုပ်သောစက်)များသည် Grders နှင့် Bull dozer များကဲ့သို့ လုပ်ငန်းခွင်တိုးတက်မှု စွမ်းအား နှင့် ယုံကြည်စိတ်ချမှုကောင်းသော စက်များဖြစ်သည်။ မည်သည့်မြေသားတွင်မဆို မျက်နှာပြင်ကျစ်လစ် သိပ်သည်းမှု လိုအပ်ချက်အတွက် 1107EX vibratory soil compactor ၃မျိုး ရရှိနိုင်ပါသည်။ ၄င်းတို့မှာ - ၁။ စံသတ်မှတ်ချက်အတိုင်း ကျစ်လစ်သောမြေသားရရှိစေရန်နှင့် ဘက်စုံသုံးရန်နောက်တာယာဘီးမှ မောင်းနှင် သောပြောင်ချောဒလိမ့်တုံး တစ်ခုသာပါသည့်စက် (1107EX) ၂။ ဖို့မြေနှင့် 19.8 ဒီဂရီမတ်စောက်သောလမ်းများတွင် မြေပြင်ကုတ်အားနှင့် ကျစ်လစ်မှုရရှိစေရန် ရှေ့ဒလိမ့်တုံး (Drum) နှင့် နောက်တာယာဘီး ၂ခု တစ်ပြိုင်နက်မောင်းနှင်သေစက် (1107EX-D) ၃။ ရွံ့စေးမြေ၊ နုံးမြေကဲ့သို့သောမြေအမျိုးအစားများပါဝင်သည့် မြေသားများကိုကျစ်လစ်မှုရရှိစေရန် ခြေထောက်ပြားများပါဝင်သည့် ဒလိမ့်တုံး (Pad Foot Drum) နှင့် နောက်တာယာဘီးများ၊ ၂ခုပေါင်းတပြိုင်နက် မောင်းနှင်သောစက် (1107EX-PD) တို့ဖြစ်ကြပါသည်။ ကမ္ဘာ့အဆင့်အတန်းမှီ အစိတ်အပိုင်းများကို ရွေးချယ်ပေါင်းစပ်ထားသည့်အတွက် စက်၏စွမ်းဆောင်ရည် မြင့်မားပြီး ယုံကြည်စိတ်ချရပါသည်။ ဒလိမ့်တုံး (Roller) တွင် ကပ်ငြိနေသောမြေသားများနှင့် အမှိုက်များခြစ်ထုတ်ရှင်းလင်းပေးရန် တောင့်တင်းခိုင်မာအောင် အားဖြည့်ပြုလုပ်ထားသည်။ သန့်ရှင်းရေးခြစ် (Reinforced Front Scraper) အကြမ်းတမ်းခံနိုင်ပြီး ထူထဲလှသော 32mm ထု ထူသောသံပြားဖြင့် ပြုလုပ်ထားသော ဒလိမ့်တုံး (Roller) နှင့် အကြိုလေစစ် (preclenaer) ထပ်မံပါဝင်ပြီး turbo charger တပ်ဆင်ထားကာ အရည်အသွေးကို အဓိကထား တည်ဆောက်ထားသော ဒီဇိုင်းဖြ

အရံသင့်အသုံးပြုနိုင်သော စက်ယန္တရားများအတွက်
  • အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
    အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
  • မြို့ပြ
    မြို့ပြ

မော်ဒန်များရှာဖွေပါ

အမှတ်စဉ်၊

ဒလိမ့်တုံးတစ်ခုထဲပါသော အမျိုးအစား တို့ကို ရှာဖွေလိုပါသည်။ ရှာဖွေသည်
Findyourvehicle-model

သွင်ပြင်လက္ခဏာများ

ဒရမ်မောင်းနှင်ခြင်းနှင့် တုန်ခါမှုစနစ်

ဖွင့်သည် ပိတ်သည်
ဒရမ်မောင်းနှင်ခြင်းနှင့် တုန်ခါမှုစနစ်

မြင့်မားသော စွမ်းဆောင်ရည်ရှိပြီး အဆိပ်ဓါတ်ငွေ့ထွက်ရှိမှုနည်းသော

တီယာ ၃အင်ဂျင် (Tier 3 engine)

1107 EX Compactor သည် အဆိပ်ဓါတ်ငွေ့ထွက်ရှိမှုနည်းသော (Tier 3 Engine) တပ်ဆင်ထားပြီး စွမ်းအားပြည့်ကာ ဆလင်ဒါလေးလုံးနှင့် အရည်ဖြင့်အအေးခံသော အင်ဂျင်အအေးပေးနစ်တို့ပါဝင်ပါသည်။ အင်ဂျင်မြင်းကောင်ရေ ၁၀၂ အထိ ထွက်ရှိပြီး၊ ယခင်ထုတ်လုပ်ခဲ့သော မော်ဒန်များဖြင့် နှိုင်းယှဉ်ပါက ရုန်းအားမှာ ၁၆% ပိုမို ကောင်းမွန်ပါသည်။ ကမ္ဘာတ၀ှန်း၌ CASE 570T Backhoe Loader အပါအ၀င် အင်ဂျင်အလုံးရေ သုံးသန်းကျော် လက်တွေ့သုံးစွဲနေပြီး စိတ်ချယုံကြည်မှု အကောင်းဆုံးဖြစ်ပါသည်။ လေဖိသွင်းစနစ် (Turbocharger) တပ်ဆင်ထားသော ၎င်းအင်ဂျင်တွင် အင်ဂျင်သို့သွင်းယူသော လေကို လေသိပ်သည်းများပြားပြီး အောက်စီဂျင်ပိုမိုပါဝင်နိုင်ရန် အအေးခံသောစနစ်၊ ထွက်ရှိသော လေအိပ်ဇောဓါတ်ငွေ့ကို ပြန်လည်အသုံးပြုသော စနစ်တို့တပ်ဆင်ထားပါသည်။ ထို့ကြောင့်စက်၏ စွမ်းဆောင်ရည်ပိုတိုးတက်စေပြီး ဆီစားနှုန်းကို လျော့ပါးစေပါသည်။ လေကြိုစစ် (Precleaner)တပ်ဆင်ထားပြီး အရည်ဖြင့် အအေးခံသောစနစ်တပ်ဆင်ထားခြင်းကြောင့် ယခင်မော်ဒန်များဖြင့် နှိုင်းယှဉ်ပါက ဆီစားနှုန်း ၅% ခန့် သက်သာပါသည်။

ယုံကြည်စိတ်ချမှုမြင့်မားခြင်း

တာရှည်ခံသော စွမ်းဆောင်မှုကြောင့်

  • ပွဲတွေ့အစမ်းသပ်ခံသော မြေသားဖိကျစ်မှုနည်းပညာ ။         ။ (နှစ်ပေါင်းများစွာဖြတ်သန်းလာသော အတွေ့အကြုံမှ ရရှိလာသည့် အရည်အသွေးပြည့် အဆင့်မြင့်ထုတ်လုပ်မှု)
  • ခါးချိုးနေရာတွင် ပင်လေးချောင်းဖြင့် ချိတ်ဆက်ထားခြင်း ။        ။ (အမျိုးမျိုးသော လုပ်ငန်းများတွင် အသုံးပြုခြင်း  အတွက်သင့်လျော်အော် ပြင်းထန်သည့်လုပ်ငန်းများတွင် အခိုင်းခံနိုင်အောင် ပြုလုပ်ထားသောဒီဇိုင်း)
  • အင်ဂျင်ခန်းအပေါ်တွင်လေကြိုစစ် (Pre-Cleaner) တပ်ဆင်ထားခြင်း ။       ။ (အင်ဂျင်ထဲသို့ သန့်စင်သော လေသာသွင်း၍ ပြီးပြည့်စုံသော မီးလောင်ပေါက်ကွဲမှုကိုရရှိစေခြင်း)
  • ဆောင့်ခြင်းသက်သာစေရန် ထိန်းထားသော ဒဏ်ထိန်း (Shock Absorber) ။        ။ (ဒလိမ့်တုံး၏ တုန်ခါမှုကြောင့် စက်အစိတ်အပိုင်းများ ပျက်စီးမှုဒဏ်မှ ကာကွယ်ပေးပြီး ပိုမိုသက်တမ်းရှည်အောင် ပြုလုပ်ပေးခြင်း)

ဘက်စုံအသုံးချနိုင်မှုမြင့်မားခြင်း

မည်သည့်မြေအမျိုးအစားကိုမဆို ဖိကျစ်မှုအားကောင်းမွန်စွာ ရရှိနိုင်ပြီး လျှပ်စစ်နည်းပညာဖြင့် ထိန်းချုပ်ထားသော ဒလိမ့်တုံးတုန်ခါမှုအား အဆင့်(၂)မျိုးရရှိနိုင်မည့် ပန့်(Variable displacement bidirectional axial piston pump) ကို အသုံးပြုထားသည်။

  • ထိန်းကြောင်းမောင်းနှင်ရာတွင် အကောင်းဆုံးဖြစ်ခြင်း ။ ။ (မောင်းနှင်ရာတွင် ဘယ်ဘက်နှင့် ညာဖက် အနိမ့်အမြင့် ၁၅ဒီကရီ ကစားနိုင်ခြင်း၊ ကွေ့ရာတွင် ဘယ်နှင့်ညာ ၃၇ ဒီကရီစီကွေ့နိုင်ခြင်း တို့ကြောင့် ကျဉ်းမြောင်းသော နေရာတွင်လည်း ကောင်းစွာထိန်းကြောင်းမောင်းနှင်နိုင်ခြင်း)
  • ကွေ့ရာတွင် ပေါ့ပါးသွက်လက်စွာကွေ့နိုင်ခြင်းတို့ကြောင့် မောင်းနှင်သူ၏ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်ခြင်း။
  • ဒလိမ့်တုံးရိုက်သည့် ကြိမ်နှုန်းနှင့် တုန်ခါမှု၏ လွှဲခွင်တို့ အလွန်ကောင်းမွန်စွာ လိုက်ဖက်ညီခြင်းကြောင့် အကောင်းဆုံး စွမ်းဆောင်မှုကိုရရှိခြင်း။
  • ယာဉ်အချိုးအစားမျှတသေသပ်ခြင်းကြောင့် သယ်ယူရာတွင် လွယ်ကူခြင်း (ယာဉ်မှာ မကြီးလွန်း၊ မသေးလွန်း အနေတော် ဖြစ်ခြင်း)

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ

ကိုယ်စားလှယ်ရုံးကို ရှာဖွေပါ။

CASE ကိုယ်စားလှယ်များသည် CASE ထုတ်ကုန်များအကြောင်းအားလုံး သိရှိနားလည်ကြသည်။

ရှာဖွေမှုစတင်ရန် အောက်ပါအချက်အလက်များဖြည့်သွင်းပါ။

ယခုပဲရှာဖွေလိုက်ပါ။

သင်ရှာဖွေနေသာ အရာကို ရိုက်နှိပ်ရှာဖွေပါ။

ရလဒ်များ တွေ့ရှိပါသည်။
အမျိုးအစား
ကဏ္ဍအလိုက်ခွဲထုတ်ခြင်းအားဖြင့်

ရလဒ်များ မတွေ့ရှိပါ။

သင်နှစ်သက်သော စာမျက်နှာများဖြည့်ရန် ဆိုဒ်တစ်လျောက်တွင် ဤအမှတ်အသားပေါ်တွင် ကလစ်နှိပ်ပါ။

ကျွန်ုပ်၏အနှစ်သက်ဆုံးသော CASE ယန္တရားများ

တွေ့ရှိသောရလဒ်