နှစ်သက်မှုအသစ်များထပ်မံဖြည့်တင်းခြင်း

Excavators

B series ချိန်းပတ်ဖြင့်မောင်းနှင်သည့်မြေတူးစက်များ

CX160B

  • လုပ်ငန်းဆောင်ရွက်နိုင်သည့် အလေးချိန် 17000 kg
  • အင်ဂျင်ပါဝါ 120 hp / 89 kW

CX160B

လောင်စာလေအအေးပေးစနစ်ပါရှိပြီး တာဘိုချအင်ဂျင်ဖြစ်သည်။ လိုအပ်သော မြင်းကောင်ရေအား ကို ထုတ်ပေးနိုင်သည့်အပြင် ကက်အိမ်အတွင်းနှင့် ခြေနင်းတံ၊ ခြေနင်းခုံစသည်တို့မှာလည်း နင်းလျှင်မချော်အောင် အထူးပြုလုပ်ထားသောကြောင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုနှုန်းနှင့် လုပ်ဆောင်မှု စွမ်းရည်ကို ပိုမိုတိုးတက်စေသည်။ မိမိ၏ လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီမည့် အရန် ဟိုက်ဒရောလစ် လုပ်ဆောင်မှု ၃မျိုးပါရှိသည်။ တုန်ခါမှုကို ထိန်းချုပ်သည့် ကိရိယာ၊ ဟိုက်ဒရောလစ်စနစ်ဖြင့် လည်သည့် ပန်ကာ၊ အသံထိန်းချုပ်မှုစနစ် အစရှိသည်တို့ ပါဝင်ပြီး ငြိမ်သက်၍ သက်သောင့်သက်သာရှိမှုတို့ကို အထူးအာမခံ ထားသည်။

အရံသင့်အသုံးပြုနိုင်သော စက်ယန္တရားများအတွက်
  • အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
    အခြေခံအဆောက်အအုံများတည်ဆောက်ခြင်း
  • မြို့ပြ
    မြို့ပြ
  • ပြန်လည်သန့်စင်အသုံးပြုခြင်း
    ပြန်လည်သန့်စင်အသုံးပြုခြင်း
  • ကျောက်ထုတ်လုပ်ရေး လုပ်ငန်း
    ကျောက်ထုတ်လုပ်ရေး လုပ်ငန်း
Download
Crawler Excavators - CX160B
Crawler Excavators - CX160B
ဖိုင်အရွယ်အစား 1.67 Mb

အဓိက သွင်ပြင်လက္ခဏာများ

စံအဖြစ်ပါဝင်သော ကိရိယာတန်ဆာပလာများ

ဖွင့်သည် ပိတ်သည်

အင်ဂျင်ထိန်းချုပ်မှု

  • အိတ်ဇောဓါတ်ငွေ့အတွင်းရှိ အဆိပ်အတောက်ဖြစ်စေမည့် ဓါတ်ငွေ့လျော့ချမှု ဥရောပစံ သတ်မှတ်ချက်အဆင့်(၃)ရှိပြီး common rail စနစ်သုံးအင်ဂျင်
  • လျှပ်စစ်နည်းပညာဖြင့် ထိန်းချုပ်သော လောင်စာဆီပေးသွင်းမှုစနစ် အေးသောအချိန်တွင် အင်ဂျင်နိုးရလွယ်ကူစေရန် အလိုအလျောက်ကြိုတင် အပူပေးစနစ်
  • ၀န်မသုံးသည့်အချိန်တွင် အလိုအလျောက်/မန်နြူရယ် အင်ဂျင်ပုံမှန်လည်ပတ်မှုသို့ ပြန်ရောက်သည့်စနစ်
  • အိတ်ဇောဓါတ်ငွေ့အတွင်းရှိနိုက်ထရိုဂျင်အောက်ဆိုက်စွန့် ထုတ်မှုလျော့ ချသည့်စနစ် အရေးပေါ်စက်ရပ်ခြင်း
  • ဆီတွင်ရေပါဝင်မှုရှိပါက သီးခြားစစ်ထုတ်ပေးသော ဆီစစ် ဖစ်တာ

ဟိုက်ဒရောလစ်ထိန်းချုပ်မှု

  • အော်တို/ဟဲဗီး/ စူပါ ပါဝါ (၃)မျိုး ရွေးချယ်နိုင်သည့်ခလုတ် ပန့်ရုန်းအားကို အလိုအလျောက်ပြောင်းလဲပေးသည့်ထိန်းချုပ်မှု
  • အလိုအလျောက်ပါဝါမြှင့်တင်ပေးသည့် ထိန်းချုပ်မှု
  • စက်၏အပေါ်ပိုင်း (Swing) ဆွင်းလှည့်ခြင်းကို ဘရိတ်ဖမ်းသည့် ထိန်းချုပ်မှု
  • အလွန်သေးငယ်သောအမှုန်များကို စစ်ထုတ်နိုင်သည့် ဖိုင်ဘာဖြင့် ပြုလုပ်ထားသည့် ဟိုက်ဒရောလစ်ဖစ်တာ
  • ၀န်သုံးနေသောအချိန်တွင် စက်၏လမ်းလျှောက်မှုအား အမြန်မှအနှေးသို့ အလိုအလျောက်ပြောင်းပေးမှု

စက်မောင်းသူ၏ပတ်ဝန်းကျင်

  • ဘေးအန္တရာယ်ကင်းပြီး ကြည်လင်ပြတ်သားသည့်မှန်
  • မူလအနေအထားကို မှတ်သားထားပြီး ချိန်ညှိမှုနှင့် ပြန်လည်ရုတ်သိမ်းခြင်းတို့ပြုလုပ်နိုင်သော ထိုင်ခုံ လက်တင်
  • ဟိုက်ဒရောလစ်လော့လီဗာ
  • ကိုယ်တိုင်ချိန်ညှိနိုင်သော လေပူ/လေအေးစနစ်
  • အအေးခွက်/ ကော်ဖီခွက်တင်သည့်အထိုင်
  • အလိုအလျောက်အလင်းတင်ပေးသည့် ကြည်လင်ပြတ်သားသော မော်နီတာဖန်သားပြင်
  • လုပ်ငန်းစဉ်၊ အပူချိန်၊ ဘေးကင်းလုံခြုံမှု အစရှိသော အချက်အလက်များကို ဖန်သားပြင်တွင်ဖော်ပြမှု
  • လုပ်ငန်းစဉ်ပြစ်ချက်များကို ကဏ္ဍအလိုက်စုစည်းတင်ပြသည့်စနစ်
  • အင်ဂျင်အတွင်းသို့ လောင်စာပေးသွင်းမှုကို အော်တို၊ ဟဲဗီး၊ စူပါ ပါဝါနည်းလမ်း ၃ခုဖြင့် အလုပ် လုပ်နိုင် သည့်စနစ်
  • စက်ကိုခိုးယူခြင်းမှ ကာကွယ်သည့်ကိရိယာ
  • ဂဏန်းဖြင့်ဖော်ပြသောနာရီ
  • ဟိုက်ဒရောလစ်စီးဆင်းမှုနှုန်းကြိုတင်ချိန်ထားသော ဆက်တင်ကို ရွေးချယ်နိုင်မှု
  • စက်မောင်းသူညာဘက်ရှေ့ခြမ်းရှိ နာရီနှင့် ဖုန်းတင်သည့် အထိုင်ပါသည့် ခလုတ်ခုံ
  • စွမ်းဆောင်ရည်မြင့် ရှော့ဗား ၄ခုဖြင့် တပ်ဆင်ထားသည့် ကက်အိမ်
  • ကက်အိမ်တံခါးဘောင်အပေါ်ပိုင်းရှိမိုးကာပြား လော့ဖြင့်ဖွင့်ထားနိုင်သော လေကာမှန် လေကာမှန်ရေဖြန်းနှင့် ရေသုတ်တံ ရှေ့အောက်ပိုင်းလေကာမှန်ဖြုတ်ပြီး ကက်အိမ်အတွင်း သိမ်းထားရန် နေရာပါရှိမှု
  • ကက်အိမ်အမိုးမှန်တံခါးနှင့် နေကာဆလိုက်
  • ISO စနစ်အတိုင်း ပြုလုပ်ထားပြီး ပေါ့ပါးစွာထိန်းကျောင်းမောင်းနှင်နိုင်သည့် လက်ကိုင်ဂျိုင်းစတစ်အတို
  • ကက်အိမ်အတွင်းရှိ လိုသလိုချိန်ညှိနိုင်သော နေကာ လျှော်ဖွတ်၍ ပြန်လည်အသုံးပြုနိုင်သော ကက်အိမ်အောက်ခင်း နောက်ကြည့်မှန်နှင့် ဘေးကင်းလုံခြုံမှုအတွက်ကြည့်မှန်ခုံးအ၀ိုင်း
  • စက်မောင်းသူအတွက်လိုအပ်သော ပစ္စည်းများ ထားသိုရာ အခန်းငယ်
  • အအေးခန်းသေတ္တာငယ်
  • 12 ဗို့နှင့် 24 ဗို့ ဒီစီဆော့ကတ်
  • ဟိုက်ဒရောလစ်တူနှင့် ဂဏန်းလက္မပုံစံညှပ် စသည်တို့ တပ်ဆင်အသုံးပြုလျှင်ရွေးချယ်ပေးရသည့်ခလုတ်
  • ထိုင်ခုံတစ်ခုလုံးနှင့်လက်ရန်းပါ လိုသလို ချိန်ညှိနိုင်မှု

လျှပ်စစ်စနစ်

  • ရာသီဥတုဒဏ် ကာကွယ်နိုင်သော ၀ါယာဆက်ခေါင်း
  • ဟွန်း၂ခုတပ်ဆင်ထားမှု
  • ကက်အိမ်ထိပ်ပိုင်းရှိ မီးကြီး ၂လုံး
  • ဆီတိုင်ကီနားရှိမီးကြီး
  • ဘွန်းတွင်တပ်ဆင်ထားသောမီးကြီး

ကိရိယာတန်ဆာပလာများ

  • ပုံမှန်စံသတ်မှတ်ချက်ဖြင့် ပြုလုပ်ထားပြီး သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်သည့် ပင်နှင့် ဘွတ်ရှ်များ (ချောဆီလိုသော အစိတ်အပိုင်းများအားလုံးအတွက် နာရီ ၁၀၀၀တွင် ပြုပြင်ထိန်းသိမ်းမှုလုပ်ရန်၊ ဘက်ကက်ပင်အတွက် နာရီ ၂၅၀)
  • ဘွန်းနှင့် ဒစ်ပါပင်တို့၏ ဘေးဘက်တွင် ပွန်းစားမှုနည်းအောင် တပ်ဆင်ထားသော ရှင်းပြား
  • ဆီးလ်နှင့် ချောဆီသွားလမ်းကြောင်း
  • စက်ပြင်ဆင်သည့် ကိရိယာပစ္စည်းထည့် သေတ္တာကြီး
  • ကက်အိမ်ဘေးအန္တရာယ်ကင်းရှင်းရန် တပ်ဆင်ထားသော ကြိုတင်အရံအတား (ကာဗာ သို့မဟုတ် ဒေါက်)

စက်မောင်းသူထိုင်ခုံ

  • ၂ ဆင့် လုပ်ဆောင်နိုင်သော ရှော့ဗားပါရှိပြီး စက်မောင်းထိုင်ခုံအား တုန်ခါမှုနည်းအောင် အပြည့်အ၀ချိန်ညှိ နိုင်မှု
  • စက်မောင်းသူ၏ ခန္ဓာကိုယ်အလေးချိန်ကို လိုက်၍ ချိန်ညှိနိုင်မှုေ* ရှ့/နောက်၊ အနိမ့်/အမြင့် ချိန်ညှိနိုင်မှု
  • လိုသလိုချိန်ညှိနိုင်သောခေါင်းမှီေ* နာက်မှီအား အပြည့်အ၀ကျောခင်းနိုင်သည်အထိ လိုသလိုချိန်ညှိနိုင်မှု
  • လိုသလိုချိန်ညှိနိုင်သော လက်တင်
  • လုံခြုံရေးခါးပတ်

အထူးတပ်ဆင်မှုကိရိယာတန်ဆာပလာများ

ဖွင့်သည် ပိတ်သည်
  • ဘက်ကက်ခွက်/ စက်ဝိုင်းစိတ်ပုံစံ ၂ခြမ်းစပ်ခွက် စသည်တို့ တပ်ဆင်အသုံးပြုနိုင်ရန် ထပ်ဖြည့်ထားသော ဟိုက်ဒရောလစ်စနစ်
  • ဟိုက်ဒရောလစ်တူအတွက် ထပ်ဖြည့်ထားသော ဟိုက်ဒရောလစ်စနစ်
  • ဟိုက်ဒရောလစ်တူ/ ဂဏန်းလက်မပုံစံ ဟိုက်ဒရောလစ်ညှပ်အတွက် ဟိုက်ဒရောလစ်ပတ်လမ်း (သို့) စနစ်
  • ထပ်တိုးချိန်းဂိုက် (ချိန်းဂိုက်တစ်ခုအစား ချိန်းဂိုက် ၃ခုပါရှိခြင်း)
  • လေကာမှန် အကာအကွယ်
  • ကက်အိမ် အကာအကွယ်
  • ဂြိုဟ်တုစနစ်ဖြင့် ချိတ်ဆက်၍ တည်နေရာပြသမှု
  • လျှပ်စစ် အမဲဆီပန့်ဖြင့် အလိုအလျောက်ဗဟိုလမ်းကြောင်း အမဲဆီပို့စနစ်

အသေးစိတ်ဖော်ပြချက်များ

အင်ဂျင်
ဥရောပစံသတ်မှတ်ချက်အရ အိတ်ဇောဓါတ်ငွေ့ စွန့်ထုတ်မှုနည်းခြင်း အဆင့် ၃ရှိသော နောက်ဆုံး မျိုးဆက်သစ်အင်ဂျင်  
ထုတ်လုပ်မှု ISUZU
အမျိုးအစား AI-4JJ1X
common rail၊ တာဘို၊ အင်တာကူလာ၊EGR အအေးပေးစနစ် Yes (ပါရှိပါသည်)
တိုက်ရိုက်ဆီပေးသွင်းမှုစနစ် လျှပ်စစ်ထိန်းချုပ်မှု
ဆလင်ဒါအရေအတွက် 4
ဆလင်ဒါအချင်း - ဆလင်ဒါအတွင်းပစ်စတင်ရွေ့လျားသည့် အလျား(မီလီမီတာ) 95.4 x 104.9 mm
ပမာဏ (စီစီ) 3000 cc
မြင်းကောင်ရေအား EEC80/1269 89.2 kW / 120 hp @ 2200 rpm
အမြင့်ဆုံးရုန်းအား 391 Nm @ 1800 rpm
ဟိုက်ဒရောလစ်စနစ်
အမြင့်ဆုံးထုတ်လုပ်မှု (လီတာ/မိနစ်) 2 X 142 l/min @ 2200 rpm
ဝင်ရိုးပုံစံ ၂ဆင့် ပစ်စတင်ပန့် စီးဆင်းမှုနှုန်းပြောင်းလဲနိုင်ခြင်း ပါရှိပါသည်
ထပ်တိုးချိတ်ဆက်မှု/ ပါဝါမြှင့်တင်ခြင်း 343/363 bar
အပေါ်ပိုင်းတည်ဆောက်မှုဆွင်းလှည့်ရန်ဆီတွန်းအား 279 bar
လမ်းလျှောက်ရန်ဟိုက်ဒရောလစ်ဆီတွန်းအား 343 bar
ဆီတွင်ပါဝင်သော အညစ်အကြေးစစ်ထုတ်နိုင်မှု 6 micron
ဆီစစ်အမျိုးအစား အလွန်သေးငယ်သောအမှုန်များကို ဖမ်းယူနိုင်သည့် ဖိုက်ဘာစစ်
လှည့်ခြင်း (အပေါ်ပိုင်းဘော်ဒီအားပတ်လည် လှည့်ခြင်း)
အမြင့်ဆုံးလှည့်နိုင်သော အပတ်ရေ (rpm) 11,5 rpm
လှည့်နိုင်သော ရုန်းအား (kN-m) 4510 daN
လမ်းလျှောက်ခြင်း (Travel)
ဝင်ရိုးပုံစံ ပစ်စတင်ပန့်နှင့်အတူ ဟိုက်ဒရောလစ်ဆီစီးမှုနှုန်းအား ပြောင်းလဲနိုင်သော ဟိုက်ဒရောလစ် မော်တာ တပ်ဆင်ထားသည့် လမ်းလျှောက်စနစ်ဖြစ်သည်။  
အမြန်လမ်းလျှောက်မှု အမြန်နှုန်း (ကီလို/နာရီ) 5.4 km/h
အနှေးလမ်းလျှောက်မှု အမြန်နှုန်း (ကီလို/နာရီ) 2.8 km/h
လမ်းလျှောက်မှုစနစ်အနှေး၊ အမြန်အား စက်မောင်း၏ ဘေးဘက်ရှိ ခလုတ်ခုံမှ ထိန်းချုပ်နိုင်သည်။  
အလိုအလျောက်အမြန်မှ အနှေးသို့ပြောင်းသည့်စနစ် ပါရှိပါသည်
လမ်းလျှောက်နိုင်သော မြေပြင်အစောင်းဒီဂရီ 70% (35°)
မြေပြင်ကုတ်အား (daN) 16 100 daN
လျှပ်စစ်စနစ်
လျှပ်စစ်ပတ်လမ်း 24 V
ဘတ္ထရီများ (12V ၂လုံး) 2 x 12 V - 72 A/h
လျှပ်စစ်ပတ်လမ်းတွင် ရေလုံသည့် ၀ါယာဆက်ခေါင်းတပ်ဆင်ထားမှု ပါရှိပါသည်
အော်တာနေတာ (V - Amp) 24 V - 50 Amp
စက်အောက်ပိုင်း ဘီးအုံ
အပေါ်ပိုင်း ဒလိမ့်တုန်း 2
အောက်ပိုင်း ဒလိမ့်တုန်း 7
ချိန်းပတ်ပြားအရေအတွက် 44
ချိန်းပတ်ရှုးအမျိုးအစား ခုံ ၃တန်းပါသည့်အမျိုးအစား
ချိန်းပတ်ပြားအကျယ် (ပုံမှန်) 600 mm
ချိန်းသွားလမ်းကြောင်းထိန်းသည့် ဂိုက်(သို့) ချိန်းဂိုက် ရှေ့ပိုင်းနှင့် အလယ်တွင် ဂိုက် ၁ခု
စက်၏ဆီနှင့် ဟိုက်ဒရောလစ်ဆီတို့၏ သိုလှေင်နိုင်မှုပမာဏ
ဆီတိုင်ကီ 300 l
ဟိုက်ဒရောလစ်ဆီတိုင်ကီ 90 l
ဟိုက်ဒရောလစ်စနစ်အတွင်းရှိဆီ 165 l
လမ်းလျှောက်ဂီယာအုံအတွင်းရှိဆီ (တဘက်စီ) 4.5 l
ဆွင်းလှည့်စနစ်ဂီယာအုံ 5 l
အင်ဂျင်ဝိုင် (filter အပါအ၀င်) 17 l
အင်ဂျင်အအေးပေးစနစ်ရေ 15 l

ပစ္စည်းအမျိုးအစား

ကိုယ်စားလှယ်ရုံးကို ရှာဖွေပါ။

CASE ကိုယ်စားလှယ်များသည် CASE ထုတ်ကုန်များအကြောင်းအားလုံး သိရှိနားလည်ကြသည်။

ရှာဖွေမှုစတင်ရန် အောက်ပါအချက်အလက်များဖြည့်သွင်းပါ။

ယခုပဲရှာဖွေလိုက်ပါ။

သင်ရှာဖွေနေသာ အရာကို ရိုက်နှိပ်ရှာဖွေပါ။

ရလဒ်များ တွေ့ရှိပါသည်။
အမျိုးအစား
ကဏ္ဍအလိုက်ခွဲထုတ်ခြင်းအားဖြင့်

ရလဒ်များ မတွေ့ရှိပါ။

သင်နှစ်သက်သော စာမျက်နှာများဖြည့်ရန် ဆိုဒ်တစ်လျောက်တွင် ဤအမှတ်အသားပေါ်တွင် ကလစ်နှိပ်ပါ။

ကျွန်ုပ်၏အနှစ်သက်ဆုံးသော CASE ယန္တရားများ

တွေ့ရှိသောရလဒ်